ဒဏ်ရာ



ဒဏ်ရာ

လုပ်ချင်တာနဲ့ လုပ်သင့်တာ
ဆန္ဒနဲ့သိက္ခာ ဘယ်အရာကိုရွေးမလဲ...
အများသုံးဘာသာစကားကို ဖီဆန်ခဲ့သူငါက
ဆူးကိုလည်း မကြောက်ခဲ့ဘူး
ခူးလို့လည်း မပန်ချင်ခဲ့
ငေးကြည့်ရုံသက်သက်နဲ့
ရောင့်ရဲဖို့ ကြိုးစားနေသူပါ။
လူထဲကလူပဲ
ဆန္ဒကိုဦးစားပေးမိတော့


မိုက်လိုက်တာ ဆိုတဲ့ စကားလုံးနဲ့
အားလုံးက ချီးမွမ်းဖူးတယ်။
မကျက်ခဲ့တဲ့ ဒဏ်ရာ
လရောင်စိုတိုင်း ယင်းတယ် 
ပျိုးခဲ့ဖူးတဲ့ နှင်းဆီတစ်ခင်း
ဘယ်အချိန်မှာ ရနံ့ပြန်သင်းမလဲ
နေ့တွေသာ ဟောင်းသွားတယ်
ပြောင်းမရတဲ့ စိုက်ခင်းထဲ
နှင်းဆီဖူးတွေ ဘယ်တော့ဖူးမလဲ
နွေဦးက လွမ်းမောစရာဆို
မိုးသည်းထဲမှာ သတိရစိတ်တွေကျဲရင်း 
နှင်းဖွဲထဲမှာ တဆစ်ဆစ်ကိုက်တဲ့
ဘယ်တော့မှ မကျက်တဲ့ဒဏ်ရာ
ငါ့မှာ ရှိခဲ့ဖူးတယ်။           ။



Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း