ရင်ကြပ်တဲ့အခါ



ရင်ကြပ်တဲ့အခါ

ငါ ရင်တွေကြပ်နေလို့
သိပ်မဖျော်ပါနဲ့လား
အိုဗာတင်းတွေ...
ဖားတစ်ပိုင်း ငါးတစ်ပိုင်းတွေ များနေလို့
နွားကြီးလား ကျားကြီးလား မမေးရဲဘူး
စားသွားမှာလည်း စိုးတယ် ...


ပြောင်းလွယ် ပြင်လွယ်တာထက်
ပြင်လွယ် ပြောင်းလွယ်တာက ပိုကောင်းသလား
အဟောင်းထက် အသစ်ကိုခိုက်တဲ့ခေတ်ကြီးမှာ
အချစ်ဟာ ဈေးလျော့ပေးလို့ အကောင်းဆုံးရောင်းကုန်...
အဟောင်းကို မွမ်းမံလိုက်တော့ အသစ်
အပြစ်ကို မမေ့လျော့နိုင်တော့ စစ်ပေါ့
ဒီလိုနဲ့ တစ်ဦးနဲ့ တစ်ဦး အချဉ်ဖမ်းရင်း
လူတွေ အချိုကြိုက်လာကြတယ်...
သိပ်မဖျော်ပါနဲ့လား အိုဗာတင်းတွေ
ခုတလော ငါ
ရင်တွေကြပ်နေလို့။ ။
(14.12.15 နံနက် 3း21 မိနစ်)တွင် ရင်တွေကြပ်ပါသည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း