ငါမြင်ခဲ့တယ်



ငါမြင်ခဲ့တယ်

ဆိုရိုးရှိတယ်
မပြီးခင် ဗမာမမြင်စေနဲ့တဲ့...
ဒါပေမယ့်
ငါမြင်ခဲ့တယ်...။
ဒေါင်ဒင်ပေးတဲ့ တာဝါရှင်
အနီရဲရဲဆင်လို့...။
ကာလံ၊ ဒေသံ သူမသိ
နွေပူ၊ လေပူ၊ ရေဆူဆူမှာ
ငရဲတစ်ကောင်လို အရဲဆင်နဲ့...။
ငယ်တုန်းက စာသင်ခန်း
နာမည်ရေးခဲ့ စားပွဲခုံထက်
နောင်တစ်ချိန် အမှတ်ရချင်ဇောနဲ့
ပေါတောတော လုပ်ရပ်တွေ
ခုထိကို အဆုံးမသတ်တော့
လမ်းဆုံးထိလျှောက်စရာမလို
မူကြည့်တာနဲ့ သိတယ်
လူကြည့်တော့လည်း ချစ်ဖွယ်(ညစ်ကျယ်)
ဘာလုပ်ခဲ့တယ် မပြောပါနဲ့
ဘာလုပ်ပြီးလဲ...မမေးချင်ဘူး
မပြီးခင် ဗမာမမြင်စေနဲ့တဲ့
ဒါပေမယ့်...
ငါ...မြင်ခဲ့တယ်...။


ရှဥ့်ညိုလေး
(၂၈.၃.၂၀၁၇ ညနေ(၃း၁၀)မိနစ်ပြီး) 
photo:ဒိုင်ယာရီ
https://web.facebook.com/htooaungwintt/

(PS: နားရက် အပြင်ထွက်၍ နေပူမိကာ ကယောင်ကတမ်းရေးခြစ်မိသော အက္ခရာများသာ ဖြစ်ပါသည်။ ကဗျာမဟုတ်ပါ၊ စာမဟုတ်ပါ၊ အက္ခရာများ စုဖွဲ့ထားခြင်းဟုသာ မြင်ပေးပါရန်...)


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း