အမြင်

အမြင်

                  တူညီတဲ့ခေါင်းစဉ်အောက်မှာ မတူညီတဲ့အခြေအနေတွေကို ပိုင်ဆိုင်ထားတယ်။ အဲဒါ ပါဝါပဲ။ ပါဝါ ပိုင်ဆိုင်မှု ကွဲပြားတာနဲ့အမျှ အမြင်တွေက ခြားနားသွားနိုင်တယ်။အဲဒါကြောင့် ကျွန်တော့်ရဲ့ပါဝါကို တိုးလိုက်တယ်...နောက်ထပ် ငါးဆယ်။
ခုဆို ကျွန်တော့်အမြင်တွေ ကြည်ရှင်းနေတယ်။ အမြင်ရှင်းစေတဲ့ အဲဒီကောင်လေးက ကျွန်တော်သွားလေရာမှာပါတယ်။ ပါဝါနည်းတဲ့ ဟိုကောင်လေးကိုတော့ အိမ်မှာခေါက်သိမ်းထားလိုက်တယ်။ ပါဝါရှိမှ နေရာရသလို နေရာရချင်ရင်လည်း.........။
အမြင်ရှင်းဖို့အတွက် မျက်မှန်လေးတစ်လက် ကျွန်တော်ဆောင်ထားတယ်။ ပါဝါက................။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/?ref=settings

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward