လောကသာရပျို့

လောကသာရပျို့

၄၂။ ၀သုန္ဓရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးညွှန်၊ ကုသိုလ်မွန်၍၊ ခါတန်ချိန်သင့်၊ ပန်းနယ်ပွင့်လျက်၊ ရင့်သည့်တေဇ၊ တန်ခိုးပသည့်၊ လူမျာ့းမျက်စိ၊ နရာဓိတို့၊ ဂတိလေးပါး၊ မမှားစေအောင်၊ ပြည်မှုဆောင်လျက်၊ တည်ထောင်ကမ္ဘာ၊ အစစွာက၊ ဆရာမနု၊ ရသေ့ပြုသား၊ လူမှုဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ ခပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဘက်သား၏၊ အကြားလည်းမှန်၊ ချိန်ခွင်ဟန်သို့၊ ဧကန်ကျကျ၊ မေးမြန်းမှလျှင်၊ မိဘမရွေး၊ ရှုံးနိုင်ပေးလော့၊ အရေးအလျောက်၊ မဘောက်မပြန်၊ ကျမ်း၌ညွှန်သည်၊ ရှေးလွန်နည်းမှီး၊ ထုံးတီးမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်ဘွင်းဘွင်း၊ ကြံထိုးထွင်း၍၊ စင်းစင်းမတ်မတ်၊ တရားဖြတ်သည်၊ လူနတ်ကောင်းခြီး ငြာစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း