လောကသာရပျို့

လောကသာရပျို့

၄၀။ ဗာဟုဗလ၊ စသည်တွက်ရေ၊ အားငါးထွေကား၊ ရေမြေသနင်း၊ မင်းတို့၌သာ၊ ပြည့်စုံရာဟု၊ မြတ်စွာဘုရား၊ သုံးလူ့ဖျားလျှင်၊ ဟောထားမိန့်မြွက်၊ ရွှေနှုတ်ထွက်ဖြင့်၊ မယွက်စေအောင်၊ ကျေးဇူးဆောင်၍၊ လူဘောင်လူ့ထွတ်၊ လူမင်းမြတ်တို့၊ ဆင်မှတ်တန်ဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အားငါးမည်တွင်၊ အထွတ်တင်သား၊ မျက်ရှင်အလား၊ ပညာအားလျှင်၊ စီးပွားမြင်နိုင်၊ အခေါင်တိုင်၏၊ ပြည့်လှိုင်ကျေးဇူး၊ အထူးထူးဝယ်၊ အမှူးစင်စစ်၊ ရှေ့သွားဖြစ်၍၊ အပြစ်ခွာရှောင်၊ အကျိုးဆောင်သား၊ အခေါင်ပညာ၊ မတ်လိမ်မာကို၊ စေပါသုံးစွဲ၊ ကိုယ်၌မြဲက၊ ငရဲမလား၊ ရှေ့ရှုသွားလျက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်သည်၊ သမန္တစက်၊ အမြင်နက်သား၊ ဘွားဘက်ပညာ၊ မတ်လိမ်မာကို၊ ဆရာတဆူ၊ ခိုင်းပဲ့မူလျှက်၊ ဆုံးမခက်သား၊ သူပျက်သုံးယောက်၊ ပါယ်မကြောက်ကို၊ နှင်ချောက်ခြိမ်းမောင်း၊ စကားတောင်းလျက်၊ ပြောင်းစေညက်ညက်၊ မျက်နှာဖျက်၍၊ ရန်မက် မညှာတာစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း