သူဇာပျို့

သူဇာပျို့

၄၀။ သူဇာရွှေဥ၊ မင်းယဉ်နုကို၊ စတုမုခ၊ သာလာ့မည်တွင်၊ သာသည်ရိပ်ကျယ်၊ စရပ်လယ်ထက်၊ ငြိမ်သက်ပန်းဖြေ၊ နားနေစေပြီး၊ ပန်းကြီးမှုဝန်၊ ကျေးစွန်ရွာသား၊ တို့လျောက်လျားဖြင့်၊ ခန့်ထားစီရင်၊ ထမ်းစင်ပေါင်းကုပ်၊ ဖူးအုပ်အလွယ်၊ ရွှေငွေချယ်နှင့်၊ ထိုဝယ်နေသည်၊ အသည်သမီး၊ ဖြင်ညီးခြွေရွေ၊ ရံလိုက်စေလျက်၊ နေနေနားနား၊ ရွာစဉ်အားဖြင့်၊ သွားသည်ရှိသော်၊ ထင်ပေါ်နီးဝေး၊ သေဋ္ဌေးများစွာ၊ နေရာမှန်ဘိ၊ သေဋ္ဌိနဂရ၊ စည်လှပျော်လောက်၊ မြို့သို့ရောက်၍၊ ကျော်ချောက်ထင်ရှား၊ ထိုမြို့စားသည်၊ စိတ်ထားရင်းလှ၊ သုစိတ္တဟု၊ နာမမည်ရင်း၊ ရှိသည်မင်းလျှင်၊ လျင်ပြင်းစီရင်၊ ကြွလမ်းခွင်ကို၊ သုတ်သင်လှည်းခတ်၊ ရာဇမှတ်လည်း၊ မပြတ်စဉ်ဆက်၊ ကာစေလျက်လျှင်၊ ကြံငှက်ပျော်လျဉ်၊ စီစဉ်စိုက်ထား၊ ရများဆွဲလွှင့်၊ စင်နှင့်ရေကြည်၊ အိုးပြည့်တည်၍၊ သာသည်စုံအင်၊ တန်ဆာဆင်မှ၊ မင်းရှင်သူဇာ၊ နုအူဝါကို၊ ရတနာမျက်ရှင်၊ စီစင်တပ်မတ်၊ ဝေါတုလွတ်ထက်၊ တင့်မြတ်ယဉ်နေ၊ စံပယ်စေ၍၊ အုတ်တွေဖြင်ညီး၊ မတ်သမီးတည့်၊ ထံနီးရံခ၊ လိုက်စေရ၏၊ သုစိတ္တရာဇာ၊ ကိုယ်ကြပ်ပါလျက်၊ မင်္ဂဘာအောင်မျို့၊ ဇေယျာမြို့သို့၊ ညွတ်ကြို့ရိုသေ၊ ဆောင်သွားလေသည်။ ။ နားနေစခန်း ချချတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း