သူဇာပျို့
၄၁။ ဇေယျပူရ၊ ပြည်မမင်းနေ၊ သို့ရောက်လေ၍၊
အောင်မြေမှန်တည်၊ နတ်ပြည်ဆိုလောက်၊ ရွှေမြို့မြောက်ဝယ်၊ လျှံတောက်ထွန်းပ၊
ဝေါတော်ချ၍၊ ပတ်မျှဒိုင်းလွှား၊ ရံထားစောင့်နေ၊ ကချေသဘင်၊ ငါးအင်တူရိယ၊ သီ,က တထွေ၊
မင်းနေတဲတော်၊ ဖျော်ဖျော်ဖျမျှ၊ သုစိတ္တရာဇာ၊ ရေးရာမြှော်တင်း၊ စီရင်တွင်းတွင်၊
လျင်ပြင်းမဆည်၊ မူဆိုးသည်ကား၊ ဘုန်းခြည်ဝင်းဝါ၊ ထိန်လင်းဖြာသည်၊ မဟာဥပရာဇာ၊
မည်သာပျံ့ရွှင်း၊ အိမ်ရှေ့မင်းသို့၊ ကြောင်းခြင်းလျှောက်ချင်၊ မြို့သို့ဝင်သော်၊
ထိပ်တင်နန်းလျာ၊ ဥပရာကား၊ သံဝါကျွတ်၍၊ သီတင်းနေ့ဝယ်၊ ဘုန်းဟေ့မြတ်ကျော်၊
ခမည်းတော်အား၊ ပူဇော်နှစ်သက်၊ ကန်တော့တက်မှ၊ အထွက်ညနေ၊ နှင့်ကြိမ်လေသော်၊
ဝ့နေမကြာ၊ လက်ျာတော်က၊ မြောက်လမ်းဝဝယ်၊ တုချပုဆစ်၊ လျှောက်လစ်ဝံ့စား၊ ထွက်ဘုရား
...၊ ထိပ်ထားရှေ့မှောက်၊ ဘုန်းတော်တောက်၍၊ ဖြိုးမောက်မြင့်ခေါင်၊
ရွှေတောင်ဘုံထွတ်၊ နန်းပြသာဒ်ဝယ်၊ ကြီးမြတ်ဘုန်းရှိန်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်၏၊
ရင်နှစ်သည်းကြား၊ ခုနှစ်ပါးတို့၊ ကစားသာရွှင်၊ သဘင်ရေမှာ၊ စံကြရာတွင်၊
ဘွေရှာစုတတ်၊ ကြော့ကွင်းမြတ်နှင့်၊ လက်လွတ်ကျွန်တော်၊ ပစ်ကြော့သော်တည့်၊
လှကျော်စံလွတ်၊ ထွေးနှောင်းနတ်ကို၊ ရစ်ပတ်မြဲလှ၊ ကြော့မိရသည်။ ။ စိတ်ကရည်တိုင်း ကျကျတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment