ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၈)

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၈)
ပြည်တော်ဝင် စနေမောင်မောင်နှင့် တွေ့ဆုံခြင်း(မင်းသိင်္ခ)

     အင်္ဂလန်နိုင်ငံ ကို အလည်အပတ် ရောက်ရှိလာကြတဲ့ စာပေ၀ါသနာရှင် နိုင်ငံခြား ဧည့်သည်တိုင်း ဘေကာလမ်း က စုံထောက်ကြီး ရှားလော့စ်ဟုမ်း နေထိုင်သွားတဲ့ နေရာလို့ စာရေးဆရာကြီး ဆာအာသာကော်နင်ဒွိုင်းလ် က ဖော်ပြခဲ့တဲ့ အိမ်ကို သွားရောက်လည်ပတ် လေ့လာကြပါသတဲ့။ ဆရာကြီး ရဲ့ ဖန်တီးမှုက အောင်မြင်ပြောင်မြောက်တဲ့အတွက် တကယ်မရှိခဲ့ဖူးတဲ့ သူ့ဇာတ်ကောင် ကိုပဲ စာဖတ် ပရိသတ်က တကယ်ရှိခဲ့သယောင် စွဲလမ်းပြီး သွားရောက်ကြည့်ရှုကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာစာပေ လောကမှာလည်း ပင်တိုင်ဇာတ်ကောင်ထားပြီး ရေးခဲ့တဲ့ စာရေးဆရာတွေ ထဲမှာ ဆရာကြီး ရွှေဥခေါင်း ရဲ့ စုံထောက်မောင်စံရှား၊ ဆရာကြီးဒဂုန်ရွှေမျှားရဲ့ စုံထောက် ဦးထင်ကျော်၊ ဆရာမိုးဝေရဲ့ စုံထောက် တင်မောင်ဆွေ တို့ကို ပရိသတ်တွေ စွဲလမ်းခဲ့ကြဖူးပါတယ်။ အဲဒီဆရာကြီးတွေ ကွယ်လွန် သွားကြ ပြီးတဲ့နောက် ဒီနေ့မြန်မာစာပေလောကမှာ ပရိသတ် စိတ်ဝင် စားတဲ့ ဇာတ်ကောင် တစ်ယောက် ပေါ်လာပြန်ပါတယ်။ သူက...ဆားပုလင်းနှင်းမောင်။

ဆားပုလင်းနှင်းမောင်က ဘိုးလိမ်းလမ်း (ဗညားဒလလမ်း)၊ အိမ်အမှတ် ၂၉၅ မှာနေတယ်။ ယခု ကျောက်မြောင်း၊ ဘုရားနောင်ရုပ်ရှင်ရုံအနီးမှာ ဖြစ်တယ်လို့ နှင်းမောင်ကို ဖန်တီးတဲ့ စာရေးဆရာ မင်းသိင်္ခ က ဖော်ပြတဲ့အတွက် စာဖတ်ပရိသတ် စိတ်ထဲမှာ တကယ်လို့ထင်လာတယ်။ ဆရာကြီးတွေရဲ့ ဇာတ်ကောင် တွေလိုပဲ နှင်းမောင် အောင်မြင်လာတယ်။ ဒါပေမဲ့ ဆရာမင်းသိင်္ခက နှင်းမောင်ရဲ့ အောင်မြင်မှု့ ကြောင့် နှင်းမောင်ချည်း ဆက်တိုက်မဖန်တီးဘူး။ ပုဏ္ဍဘကွန်း၊ ဖြစ်ချင်တာဖြစ် မောင်ဘချစ် စတဲ့ သူ့ဇာတ်ကောင် နှင်းမောင် မပါတဲ့... စုံထောက်ဇာတ်လမ်း မဟုတ်တဲ့... စိတ်ဝင်စားစရာ ကောင်း တဲ့ ဇာတ်လမ်းမျိုးတွေလည်း ဖန်တီးတယ်။ ဗဟုသုတဖြစ်စရာ အချက်အလက်တွေ၊ ဇွဲသတ္တိနဲ့ ပတ်သက်ပြီး အတုယူစရာ ကောင်းတာတွေကို ထည့်ပေးတယ်။ ဒါကြောင့် ဒီနေ့ မြန်မာစာပေလောကမှာ ဆရာမင်းသိင်္ခ အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။

သူရေးတဲ့ စာတွေကို လေ့လာကြည့်ရင် တကယ်ဖြစ်ရပ်မှန်တချို့၊ တကယ့်နေရာတစ်ချို့ ရောစပ် ရေးထားတာ တွေ့ရတယ်။ ဒီနည်းနဲ့ ပရိသတ်ကို ဖမ်းထားတယ်။ ဒါပေမဲ့ သူ့ဇာတ်လိုက်တွေကို ဖန်တီးတဲ့ နေရာ မှာ တချို့အချက်အလက်တွေက သဘာဝယုတ္တိ လွန်ကဲနေတာတွေ့ရမယ်။ ဘာကြောင့် ဒီလို ဖန်တီး ထားတာလဲ။ နှင်းမောင်လို အောင်မြင်တဲ့ ဇာတ်ကောင်တစ်ကောင် ဖန်တီးပြီး ဖြစ်ပါလျက်နဲ့ ဘာကြောင့် 'စနေမောင်မောင်' လို့ဇာတ်လမ်းတွေ ရေးချင်နေတာလဲ။ ဒါတွေကို ကျွန်တော် သိပ် သိချင်ပါတယ်။ ကျွန်တော့်လိုပဲ ဆရာမင်းသိင်္ခ ပရိသတ်တွေလည်း သိချင် မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒီလို တွေ့ဆုံပေးခြင်း ကဏ္ဍအတွက် ဆရာမင်းသိင်္ခကို ရွေးချယ်ခဲ့တယ်။

ဆရာ့ကို စာဖတ်ပရိသတ်တွေ သိလာတာကတော့  ဆရာ့ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်တဲ့ မနုစာရီ ထွက်လာပြီးမှ ပေါ့လေ။ ဒါပေမဲ့ မနုစာရီ မထွက်ခင်ကတည်းက စရာစာရေးတယ်လို့ မှတ်သားရဖူး ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မနုစာရီအကြောင်း စပြီးမဆွေးနွေးခင် စာစ, ပြီးရေးခဲ့တဲ့ အကြောင်း ကလေးတွေက စ, ပြောရအောင်။

ငယ်ငယ်တုန်းကတော့ နည်းနည်းပါးပါး ရေးဖူးတယ်။ ဟိုတစ်ပိုင်း၊ ဒီတစ်ပိုင်းနဲ့ ပျောက်ကုန်တယ်။ ကလောင် နာမည်ကတော့ အမျိုးမျိုးပဲ။ နာမည်အရင်းဖြစ်တဲ့ 'အောင်ထွန်း' ဆိုတဲ့နာမည်နဲ့လည်း ရေးဖူး တယ်။ ရှုမ၀မှာ 'နန်းဝေ' ဆိုတဲ့ နာမည်နဲ့လည်း  ၀တ္ထုတိုလေး တစ်ပုဒ် ရေးဖူး တယ်။ နောက် ၁၉၅၆ခုနှစ် ကျွန်တော် ခုနစ်တန်းကျောင်းသားဘ၀မှာ  'အောင်စိုး(အညတြ)' ဆိုတဲ့နာမည်နဲ့ တစ်ပုဒ်ရေးဖူးတယ်။ အဲဒါကတော့ ဦးလှခင်ရဲ့ ဆန်းညွှန့်ဦးမဂ္ဂဇင်းမှာ ရေးဖူးတာပါ။ အဲဒီနောက်ပိုင်း မှာစာပေနဲ့ ကျွန်တော် အဆက်အသွယ် ပြတ်သွားတယ်။

၁၉၆၅ခုနှစ်မှာ ကျွန်တော်အထိန်းသိမ်းခံရပြီးတော့ ၁၉၇၀ပြည့်နှစ်မှ ပြန်လွတ်တာ ဆိုတော့ ငါးနှစ် ကျော်ကျော်လောက် အဆက်ပြတ်သွားတယ်။ ထောင်ကနေ ထွက်လာတာဆိုတော့ စာရေးဖို့ စိတ်ကူးတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီစာပေနယ်ကို ခြေမချနိုင်ဘူး။ ဒီ့ပြင်အလုပ်တွေပဲ ကြုံရာ ကျပန်း လုပ်စားနေရတယ်။ အဲဒီအထဲမှာ ဈေးရောင်းရတာတို့၊ ဘာတို့တောင် ပါတယ်။
 အဲဒီလို နေရင်းကနေ စက်သူဌေးတစ်ယောက်က ခန့်လို့ကျွန်တော် ဆန်စက်မှာအလုပ်ရတယ်။ အဲဒီမျာ နေရင်း ကနေ အကြောင်းတစ်ခုနဲ့ ပုတီးစိပ်တဲ့ဘက်ကို ရောက်သွားတယ်။ ဒိုလိုအေးချမ်း တုန်း စာရေးဦး မှပဲဆိုပြီး ကျွန်တော်စာစရေးဖြစ်တာပါပဲ။

ပထမဦးဆုံး ကျွန်တော်စာစ, ရေးဖြစ်တာက 'မနုစာရီ' ပါပဲ။ မနုစာရီက တစ်နှစ်လုံးလုံး ကျွန်တော် တရားထိုင် ပြီး ရေးတဲ့ဝတ္ထုပါပဲ။ ဆက်တိုက်ရေးတာတော့ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ပြတ် နေလိုက်၊ ပုတီးစိပ်လိုက်၊ ဘုရားတက်လိုက်၊ အားတဲ့အခါ စာဆက်ရေးလိုက်နဲ့ ရေးသွားတာပါ။ ဒီဝတ္ထုကို ရေးစဉ် က စာအုပ်အဖြစ် ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ရေးပြီး သိမ်းထားဖို့ ရည်ရွယ်ချက် တစ်ခု နဲ့ ရေးခဲ့တာပါ။

''မနုစာရီကို ရေးတဲ့နေရာမှာ ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းက တရုတ်ဘုန်းကြီးကျောင်း၊ ဗျည်း-သရ ရေတွင်းကလေး၊ တာမွေသင်္ချိုင်းက မနုစာရီရဲ့  အုပ်ဂူစသဖြင့် နေရာမှန်ကလေးတွေနဲ့ ရော ရေးထားတော့ စာဖတ်ပရိသတ် စိတ်ထဲမှာ တကယ့်ဖြစ်ရပ်လားလို့တောင် သံသယ၀င်ခဲ့ကြပါ တယ်။ 'မနုစာရီ' က 'မင်းသိင်္ခ' ဆိုတဲ့ အောင်မြင်တဲ့ ကလောင်တစ်ချောင်းကို မွေးဖွားပေးခဲ့တယ် လို့ကျွန်တော် မြင်ပါတယ်။ အဲဒီတော့'မနုစာရီ' နဲ့ ပတ်သက်ပြီး ကျွန်တာ် သိချင်တာက မနုစာရီ  ဆိုတာတကယ်ရှိခဲ့ဖူးတဲ့ ရာဇ၀င် ကျမ်းဂန်လာ ပညာရှိအမျိုးသမီး ''မနုစာရီကို ရေးတဲ့နေရာမှာ ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းက တရုတ်ဘုန်းကြီးကျောင်း၊ ဗျည်း-သရ ရေတွင်းကလေး၊ တာမွေသင်္ချိုင်းက မနုစာရီ ရဲ့  အုပ်ဂူစသဖြင့် နေရာမှန်ကလေးတွေနဲ့ ရောရေးထားတော့ စာဖတ်ပရိသတ် စိတ်ထဲမှာ တကယ့်ဖြစ်ရပ်လား လို့တောင် သံသယ၀င်ခဲ့ကြပါ တယ်။

'မနုစာရီ' က 'မင်းသိင်္ခ' ဆိုတဲ့ အောင်မြင်တဲ့ ကလောင်တစ်ချောင်းကို မွေးဖွားပေးခဲ့တယ် လို့ကျွန်တော် မြင်ပါတယ်။ အဲဒီတော့'မနုစာရီ' နဲ့ ပတ်သက်ပြီး ကျွန်တာ် သိချင်တာက မနုစာရီ  ဆိုတာတကယ်ရှိခဲ့ဖူးတဲ့ ရာဇ၀င် ကျမ်းဂန်လာ ပညာရှိအမျိုးသမီး တစ်ယောက်လား၊ မနုစာရီ နဲ့ သုဓမ္မစာရီ အတူတူပဲလား ဆရာ ဘယ်ကျမ်းကိုး နဲ့ရေးခဲ့တာလဲ ဆိုတာပါပဲ။
မနုစာရီထဲမှာ ပါတဲ့ အချက်အလက်တွေက တကယ့် အချက်အလက်တွေနဲ့ ကျွန်တော် စိတ်ကူး တွေနဲ့ ရေးထားတာပါ။ မနုစာရီမင်းသမီးဆိုတာက ကျွန်တော်တို့မြန်မာ ရာဇ၀င်သမိုင်းရဲ့ ယဉ်ကျေး မှုသမိုင်းကို ပြန်ကြည့်တဲ့ အခါ  အိန္ဒိယပြည်မှာ သုဓမ္မစာရီဆုတဲ့ မင်းသမီးဟာ ဘယ်ခါတုန်းကမှ မရှိ ခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာစာပေမှာ သုဓမ္မစာရီဖြတ်ထုံး တို့ ဘာတို့ရှီတာ ဖတ်ရတယ် ။ ဖြတ်ထုံး နဲ့ ပတ်သက်တဲ့ မင်းသမီးဆိုရင်လည်း သူဓမ္မစာရီလို့ အများနားလည်နေကြ တယ်။

မနုစရီနဲ့ ပတ်သက်လို့ ကျမ်းကြီး ကျမ်းခိုင်ရယ်လို့တော့ ပီပီပြင်ပြင် မရှိဘူး။ ဆရာကြီး စစ်ကိုင်း ဦးဘိုးသင်း ကတော့ မနုစာရီဆိုပြီး စာအုပ်တစ်အုပ် ရေးသွာတယ်။ ဆရကြီးကလည်း သူ့ရှေ့က ဆရာကြီးတွေ အဆိုအမိန့် အတိုင်း ရေးသွားတာပါပဲ။ အဲဒီစာအုပ်ကလည်း ကျွန်တော် မနုစာရီရေးတဲ့ နေရာမှာ အထောက် အထား အများကြီးရပါတယ်။ အမှန်တော့ အိန္ဒိယက လာတာ မဟုတ်ပဲ သရေခေတ္တရာခေတ်ရဲ့ မူရင်း လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ဟိုဘက်မှာ စေတုတ္တရာတို့၊ ဘာတို့ မြို့ဟောင်းကြီး တွေ တွေ့နေရတဲ့ အတွက် မနုစာရီဆိုတဲ့ အမျိုးသမီးဟာ တကယ်ရှိခဲ့မယ်လို့ ကျွန်တော်တော့ ထင်တယ်။ 

ဒါပေမဲ့ သူ့အကြောင်းကိုတော့ ကျွန်တော် ပီပီပြင် ပြင် မသိပါဘူး။ ၀တ္ထုရေးတဲ့ အခါ မှာ မနုစာရီ အကြာင်း ကို သိလို့ရေးတာ မဟုတ်ပါဘူး။ မနုစာရီ ဆိုတဲ့ နာမည်ကလေးကို သဘောကျလို့ ဖြတ်ထုံးတွေ ဖြတ်တမ်း တွေ ပြုတဲ့ မင်းသမီး တစ်ယောက် အနေနဲ့ သူ့ကိုလေးစာပြီး သူကတော့ တယ်ရှိတဲ့ ဇာတ်ကောင် လို့ ကျွန်တော် စိတ်ကူးတွေနဲ့ ပေါင်း ထည့်ခဲ့တာပါတယ်။ အဲဒီအထဲမှာ ကျွန်တော် ထည့်ထား တဲ့ တကယ်အချက်အလက် အချို့ကတော့ ကျွန်တော်ထည့်ထားတဲ့ သဘောပါပဲ။ ဒါတွေဟာ အမှန် တကယ် ဖြစ်ပျက်ခဲ့တား မဟုတ်ပါဘူး။

ဒါစိတ်ကူးယဉ်ဝတ္ထုပါ။ ဒီဝတ္ထုကို ရေးပြီးမဂ္ဂဇင်းတိုက် နှစ်ခုလောက်ကို ပေးဘူးပါတယ်။ မရွေးကြပါဘူး ။ ဒီထဲမှာ ကျွန်တော် မိတ်ဆွေ တစ်ယောက်နဲ့တွေတယ်။ ကိုစန်းမြင့်တဲ့။ စန်းမြင့်ထွန်း စာပေက ။ သူထုတ်မယ် ဆိုပြီး ထုတ်ခဲ့တာပါ။ ပထမဦးဆုံး ထုတ်ဝေစဉ်က မနုစာရီ ဟာ ထုတ်ဝေသူအတွက် တော်တော်လေး အရှုံးပေါ်ခဲ့တယ်။ ၀ယ်ပြီးသိမ်းထားတဲ့သူတွေအတွက် တော့ နောက်ကျွန်တော် နာမည် ကလေး နည်းနည်း ထွက်လာတဲ့ အချိန်မှာ ထုတ်ရောင်းကြတော့ မြတ်ပါတယ်။
အဲဒီတော့ မနုစာရီနဲ့ ပတ်သက်လို့ ပီပီပြင်ပြင် ကျွန်တော် ဘာမှ မသိပါဘူး။ တချို့ စကားလုံးဆိုရင် မနုစာရီ လက်ထက်က ပြေချင်မှ ပြေခဲ့မယ်။ မပြေချင်လည်း မပြေခဲ့တာ ဖြစမယ်။ ဒါစိတ်ကူးနဲ့ ဖန်တီးပြီး ထည့်ခဲ့ တာပါပဲ။ 

ခုတော့ မနုစာရီစာအုပ်က တော်တော့ကို ရှာနေပါပြီ ။ဆရာ့ ပရိတ်သတ် တချို့ ဖတ်တောင် ဖတ်လိုက်ရမယ် မထင်ဘူး။ အဲဒီစာအုပက နို့ဈေးတန်းနားမှာ ဆာဒူးကလေး ဇေ ပြောသွားတဲ့ နဂိုဒုက္ခနဲ့ အပိုဒုက္ခ အကြောင်း မနှစာရီ မဖတ်လိုက်ရတဲ့ ဆရာ့ ပရိတ်သက်တွေအတွက် ထပ်ရှင်း ပြစေချင်ပါတယ်။

နဂိုဒုက္ခ ဆိုတာက လူတစ်ယောက်က ထမင်းဆာတယ်ဆိုရင်ဆာတာဟာ သဘာဝဒုက္ခကြီးပါပဲ။ အချိန်တန် လို့ အစာအိမ်က တောင်းခံလာရင် ဆာတာပဲ။ ဒါကနဂို ဒုက္ခပါ။ ဒါပေမဲ့ စားတဲ့အခါ ဒီလူက ငါးဟင်း မှ ကြက်သားဟင်း မှ ဒံပေါက်ထမင်း မှ ဆိုရင်တော့ နဂိုဒုက္ခ ရဲ့ အပိုဟိုဘက်ကနေ သူ့ တောင်းဆိုမှု တွေ။ အဲဒါတွေကတော့ တဏှာ ဖြစ်သွားတာပေါ့လေ။ အဲ့ဒီနှစ်ခုကို နှိုင်းယှဉ်ပြီး တော့ ဆာဒူးကလေး ပြောတယ်ဆိုပြီးတော့ ကျွန်တောထည့်ထားတာပါ။ အဲ့ဒါနဲ့ ပက်သက်လို့ လည်း ကျယ်ကျယ်ပြန့်ပြန့်လေး ဖတ်ထားတာတွေ ရှိပါတယ်။ နောက်စာအုပ်တွေမှာ အလျင်းသင့်ရင် နဂိုဒုက္ခနဲ့ အပိုဒုက္ခ ကို ကျွန်တော်ထပ် ရှင်းပြပါဦးမယ်။

မနုစာရီ နဲ့ပတ်သက်လို့ ကျွန်တော်မေးချက်တာတော့ ကုန်ပါပြီ ။ ဆားပုလင်းနှင်းမောင် ၀တ္ထုတွေ ဆက်လိုက် ကြရအောင် ဆရာ။ ဆားပုလင်းနှင်းမောင်ဝတ္ထုတွေဟာ သေနတ်မပစ်၊ လက်သီးမထိုး တဲ့ စုံထောက်ဝတ္ထု တွေပါ။ ဒီပုံစံမျိုးကို ဆရာကြီးရွှေဥဒေါင်းကလည်း ဆာအာသာကော်နင်ဒွိုင်းလ်ရဲ့ ရှားလော့ခ်ဟုမ်း ၀တ္ထုတွေကို မှီးပြီးတော့ ဦးစံရှားကို ဖန်တီးခဲ့ဘူးပါတယ်။ ဆရာ့ ဆားပုလင်းနှင်း မောင် ၀တ္ထုတွေလည်း ရှားလော့ခ်ဟုမ်းတွေကိုပဲ မှီးတယ်လို့ ယူဆပါတယ်။ ဟုတ်ပါသလား ဆရာ ကျွန်တော် ငယ်ငယ်တုန်း က ဆရကြီး ဦးရွှေဒေါင်းရဲ့ စုံထောက် မောင်စံရှား ၀တ္ထုတွေကို ကြိုက်ပါ တယ်။ နောက် ကျွန်တော်တို့ ငယ်စဉ်ကပဲ ကျွန်တော်တို့အိမ်နားမှာ အဘိုးကြီးတစ်ယောက်ရှိပါ တယ်။ အခုတော့ ဆုံးသွားပါပြီ။

အင်မတန်မှ အင်္ဂလိပ်စာပေ နှံ့စပ်တဲ့ အဘိုးကြီးပါပဲ။ ဦးစီ တဲ့ ကျွန်တော်တို့က အန်ကယ်ကြီးခေါ်တယ်။ မြန်မာစာပေ လည်း တော်တော်ကလေး နှံ့စပ်ပါတယ်။ သူကရှားလော့ခ်ဟုမ်း ၀တ္ထုတွေဖတ်ပြတော့ ကျွန်တော် လေးတန်း ၊ငါးတန်း ကျောင်းသားဘ၀ လောက်ကတည်းက ဟုမ်း ၀တ္ထုတွေနဲ့ တော်တော်ကလေး ရင်းနှီး ခဲ့ပါတယ်။ ကိုယ်တိုင် စာဖတ်နိုင် တဲ့ အရွယ်ရောက်လာတော့ အန်ကယ်ကြီး ဖတ်ပြခဲ့တာ တွေရယ်၊ ဆရာကြီး ဘာသာပြန်ခဲ့တာတွေ ရယ်က ခေါင်းထဲမှာ ရိုက်သွင်းထားသလို ဖြစ် နေတယ်။

ကျွန်တော် စုံထောက်ဝတ္ထု ရေးမယ်လို့ ရည်ရွယ်တော့ ဒီဟန်နဲ့ ဒီ style ဟာရေးလို့ အကောင်း ဆုံးပဲလို့ ကျွန်တော် ထင်တယ်လေ။ ရှင်းရှင်းနဲ့ ဘွင်းဘွင်းနဲ့ ဒီဟန်ဟာ အကောင်းဆုံးပဲဆိုပြီး ဒီဟန် အတိုင်း ကျွန်တော် ရေးတာပါပဲ။ ရေးတဲ့နေရာမှာ ဆရာကြီး ဘာသာပြန်ခဲ့တဲ့ ဟုမ်းရဲ့ မူလဇာတ်အိမ် တချို့တောင် မှ မလွတ်ပါဘူး။ ပထမပိုင်းတွေမှာ ဟုမ်း ထောက်လှမ်းပုံက ကိုယ့်စိတ်ကူးနဲ့ ရေးထားရင် နောက်ပိုင်း ဇာတ်လမ်း က ဆရာကြီးတို့ လုပ်ပြီးသားပဲ။ ဆရာကြီးတို့ လုပ်ပြီးသားအပြင်  ကျော်ပြီးလုပ်ဖို့ ဟုမ်းနဲ့ ပတ်သက် တဲ့ စာအုပ်တောင် ရှိတော့မယ် မထင်ပါဘူး။ ဆရာကြီး ရွှေဥဒေါင်း နဲ့ ဆရာကြီး ဒဂုန်ရွှေမျှား လုပ်ထားတာ ကုန်သလောက်ရှိနေပါပြီ။ အခု ကျွန်တော် နောက်ထပ် ထပ် ရထားတဲ့ ဟုမ်းဝတ္ထု တွေ ဆိုရင် အတိုကလေး တွေပဲ ရှိတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီဘက်က ဖတ်တာ မနှံ့စပ်လို့လား မပြောတတ် ပါဘူး။

ဆားပုလင်းနှင်းမောင် နဲ့  ပတ်သက်လို့ စာပေ ဝေဖန်ရေးဆရာတစ်ဦးက ကိုလိုနီ ခေတ် ပုလိပ် ချီးမွမ်းခန်း လို့ ဝေဖန်ထားတာ ဖတ်ရဖူးပါတယ်။ ဆရာ ဘယ်လို သဘောရပါသလဲ
 မူရင်း ဟုမ်း ၀တ္ထုတွေမှာ ဟုမ်းက အလွတ်စုံထောက် ဆိုတော့ ဆရာကြီးတို့က လည်း အလွတ်စုံ ထောက် တွေပဲ ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကို အားကျရေးတဲ့ကျွန်တောကတော့ အလွတ်စုံထောက် မဖန်တီး ဘဲနဲ့ ပုလိပ်ဘက်က ဆားပုလင်းနှင်းမောင်ပဲ ဖန်တီးခဲ့ပါတယ်။

ကျွန်တော်စိတ်ကူးမှာ အလွတ်စုံထောက် ဆိုတာ မြန်မာပြည်မှာလည်း မရှိဘူးလေ။ အလွတ် စုံထောက် ဖန်တီး လိုက်ရင် ကျွန်တော် ဇာတ်လမ်းထဲမှာ အလွတ်စုံထောက်နဲ့ တကယ် ပုလိပ် အမှုထမ်းတွေနဲ့ (ပဋိပက္ခ) Clash ဖြစ်ကုန်မှာစိုးတဲ့ အတွက် နှင်းမောင်ကို ပုလိပ်အမှုထမ်းအဖြစ် ဖန်တီးခဲ့တာပါပဲ။ ပုလိပ် အမှုထမ်းဖြစ်တဲ့အတွက်ပရိတ်သတ်များနဲ့ ပိုပြီးတော့များ နီးစပ်သွားမလား ပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ၀တ္ထုထဲ၊ စာအုပ်ထဲ၊ ရုပ်ရှင်ထဲလောက် မှာသာ ဖတ်ဖူး၊ မြင်ဖူးကြတာကိုး။ တကယ်နဲ့ တူအောင်ဆိုပြီး နှင်းမောင်ကို ပုလိပ်အမှုထမ်းအဖြစ် ဖန်တီးခဲ့တာပါ။

အဲဒီလိုဖန်တီးတဲ့ အခါမှာ Police.journal  တွေ အတွဲလိုက် ကျွန်တောမှာ ရှိပါတယ်။ အဲဒါကလည်း အထောက်အကူ တော်တော်ရပါတယ်။ ဂျာနယ် စ ထုတ်တဲ့ အချိန်ကနေ တိုက်ပိတ်သွားတဲ့အချိန် ထိ အတွဲလိုက်ကျွန်တော်မှာ ရှိပါတယ်။ အဲဒါကြောင့် ပုလိပ်တွေ အဲဒီတုန်းက ဘယ်လိုဝတ်ဆင် ခဲ့တယ်၊ ရာထူးတံဆိပ်တွေ ဘယ်လို တပ်ဆင်ခဲ့တယ်။ ဆုတံဆိပ်တွေ ဘယ်လို ရတယ်၊ လခတွေ ဘယ်လောက်ရခဲ့တယ်၊ ဘယ်တုန်းကဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ဒီဂျာနယ်က အထောက်အထား ပြည့်ပြည့် စုံစုံ ရခဲ့တယ်။ နောက်တစ်ခုက ကျွန်တော် ဟိုတုန်းက အခြေအနေ မကောင်းလို့ နေ့စား လက်နှိပ့်စက် စာရေး လုပ်ဖူးသေးတယ်။ အဲဒီတုန်းက ပုလိပ်အမှုတွဲ တော်တော်များများကို လက်နှိပ် နဲ့ ကူးပေးဖူး သေးတယ်။ ကူးပေးဖူးတော့ အဲဒီ ပုလိပ်အမှုတွဲ တော်တော်များများ ဖတ်ထားတဲ့ဟာနဲ့ ဆရာကြီး တွေရဲ့ အရေးအသားနဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်ကို မှီးငြိမ်းပြီးတော့ ပေါင်းစပ် ထည့်ထား တာပါ။

ကိုဝင်းငြိမ်း မေးထား တဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဖြေရရင် ကျွန်တော်လည်းပထမတော့ အဲဒီတော့ အဲဒီလို ဝေဖန်ထားတာ ကို မဖတ်ဖြစ်ပါဘူး။ နောက်တော့ သူများပြောလို့ ဖတ်ဖြစ်ပါတယ်။ ကျွန်တော် ရည်ရွယ်ချက်ကတော့ ကိုလိုနီ ပုလိပ်ကို အမွှမ်းတင်တာ မဟုတ်ပါဘူး။ ကျွန်တော် နှင်းမောင် ၀တ္ထုတွေကို ဖတ်ကြည့် ရင် သိပါလိမ့်မယ်။ သူဟာမျိုးချစ်စိတ် ရှိတယ်။ မဟုတ်မခံဘူး။ သူကိုယ်တိုင်က လုံ့လ၀ီရိယ ရှိတယ်။ လူငယ်တွေကို လမ်းပြနိုင်တဲ့ Ideal စံပြဇာတ်ကောင်တစ်ခု ပါပဲ ။ ကိုလိုနီတွေ ဘာတွေ ဆိုတာကတော့ အဲဒီပုဂ္ဂုလ် ပြောမှမဲ သြော်.. ငါရေးတဲ့ ဥစ္စာကိုလိုနီ ခေတ် ဖြစ်နေတဲ့အတွက် ကိုလိုနီပုလိပ် ပေါ့လေ။ တကယ်လို့ ပုလိပ် မလုပ်ဘဲ အဲဒီအချိန်မှာ တခြားအလုပ် လုပ်နေရင်းလည်း ဒီ ကိုလိုနီ ဆိုတဲ့ စာလုံးနဲ့ ကင်းစရာမရှိပါဘူး။

အဲဒီတုန်းက ဝေဖန်ဆရာ အသက်ရှိလို့ သို့မဟုတ် မွေးပြီဆိုရင်လည်း သူလည်း ကိုလိုနီလက် အောက်မှာပဲ တစ်နည်းနည်း နဲ့ပေါ့လေ။ သူအဖေက ရုံးတစ်ရုံးမှာ စာရေးဝင်လုပ်တယ် ဆိုပါစို့။ ဒါဆိုသူလည်း ကိုလိုနီနဲ့ မလွတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်က တိုင်းပြည်အခြေအနေနဲ့ ပတ်သက်တာကိုး။ နှင်းမောင် တစ်ဦး တည်းသာ ကိုလိုနီကို အမွှမ်းတင်နေတာ မဟုတ်ပါဘူး။ ဒီအချိန်အကြောင် ရေးရင်း ဒီခေတ်ပဲပေါ့။ တကယ်လို့ ကျွန်တော်တို့က မင်းတုန်းမင်းခောတ်အကြောင်း ရေးရင် ပဒေသရာဇ်ခေတ်ကို အမွှမ်းတင် သလိုဖြစ်မှာပဲ။ ကျွန်တော်က ကိုလိုနီခေတ်ကို အမွှမ်းတင် တာ မဟုတ်ပါဘူး။ နှင်းမောင် တစ်ယောက်တည်း ရဲ့ စွမ်ရည် Ability ကိုတင်ပြတာပါ။

စုံထောက်၊ လျှို့ဝှက်သည်းဖိုစာပေတွေကို အပျော်ဖတ်စာပေလို့ သတ်မှတ်ကြတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို ခံစားရပါသလဲ
 တစ်ခါတလေ စုံထောက်စာပေတွေဟာ အပျော်ဖတ်စာပေ မဟုတ်ဘဲ မှတ်သားစရာ ကောင်းတာ တွေ ၊ နည်းယူစရာ ကောင်းတာတွေ ၊ သင်ခန်းစာ ယူစရာ ကောင်းတာတွေ ပါတာ တွေ့ရပါတယ်။ တစ်ခါတလေ တော့လည်း အပျော်ဖတ်ပေါ့။ တချို့ဆိုရင် အပျော်ဖတ် စာပေ အဆင့်တောင်မရှိဘဲ၊ ဒါဘယ်သူ ဘယ်ဝါ မဟုတ်ပါဘူး။ ကျွန်တော်တို့စာအုပ်လည်း ပါချင်ပါမယ်ပေါ့လေ။ အပျော်ဖတ် အဆင့်ထက်နိမ့်သွားပြီး ပျော်ကို မပျော်ဘူး။ ဖတ်လို့ မကောင်းတာတွေလည်း ရှိပါတယ်။ အဲဒီတော့ ခြုံပြီးတော့ အပျော်ဖတ်၊ ဒါဟာ သိမ်းဆည်းထားရမယ့် စာအုပ်မျိုး၊ ဒါကသင်ခန်းစာယူရမယ့် စာအုပ် မျိုး စသဖြင့် ဆုံးဖြတ် ဖို့ရာ ခက် ပါတယ်။

ဆရာကြီးတွေ မှီငြမ်း ရေးသားခဲ့တဲ့ ရှားလော့ဟုမ်းဝတ္ထုတွေ၊ စုံထောက် မောင်စံရှား ၀တ္ထုတွေဆိုရင် ကျွန်တော်အနေနဲ့ အပျော်ဖတ်လို့ မယူဘူး။ စုံထောက် မောင်စံရှားဟာ နှစ်ယောက် အတူ ခရီး သွားလို့ အိပ်စရာ နေရာလေး တစ်နေရာရှိရင် ကိုမောင်သန်းကို အိပ်ဖို့ ပေးတယ်။ သူကတော့ မအိပ်ဘဲ ဆေးတံသောက်ပြီး အနစ်နာခံပုံတွေ၊ ငဲ့ညှာပုံက ကျွန်တော်တို့ကို အများကြီး စိတ်ဓာတ် မြင့်မားအောင် လုပ်ပေးခဲ့တဲ့ စာပေတွေ ဖြစ်တဲ့ အတွက် ဒီစာပေအပေါ်မှာ အပျော်ဖတ်၊ အပျင်းပြေ လို့ မယူဆခဲ့ပါဘူး။

ပုဏ္ဏားဘကွန်း ၀တ္ထုရဲ့ အဖွင့်က တစ်ထောင့်တစ်ည ပုံပြင်တွေထဲက သဘောင်္သား ဆင်းဘတ်ပုံ ပြင် အဖွင့် နဲ့ တူပါတယ်။ ဆင်းဘတ်ကို ခြေခံ ထားတယ်လို့ ထင်ပါတယ်၊ ဟုတ်ပါသလားဆရာ
ဟုတ်ပါတယ် အဖွင့်ကလေးက ဆင်းဘတ် သည် ဆေးလား ပါပဲ။ ခရီးမထွက်ဖူးသေးတဲ့ ဆင်းဘတ်နဲ့ ခရီးဝေး က ပြန်လာတဲ့ ဆင်းဘတ် အိမ်အ၀င်ဝမှာ တွေ့ပြီးတော့ စကားပြောခန်းကလေးဟာ  တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ ပြီးတော့မှ ခရီး မသွားဘူးသေးတဲ့ ဆင်းဘတ်က ဒီလိုဆို ရင်လည်း ခင်ဗျား သွားခဲ့တဲ့ ရေကြောင်းခရီး ခုနစ်ခုကို ပြောပြပါဦးဗျာ ဆိုတော့မှ ဆင်းဘတ်သည် ဆေးလား ရေကြောင်း ခရီး ကို ပြောပြတာကိုး။ အဲဒီ အဖွင့်ကလေးကို ယူထားတယ်။

ကျန်တဲ့ဟာတာကတော့ တော်တော်များများဟာ လူငယ်တွေကို လောကကြီးမှာ ကြီးပွားရေး၊ ချမ်းသာရေး၊ ဘာရေး ညာရေး အများကြီး အလုပ်လုပ်ရင် အောင်မြင်နိုင်တယ် ဆိုတာရေးခဲ့တာပါ။ ဒါကတော့ လူငယ်များ ကြီးပွားရေး အတွက် အဓိဌာန်ပြုပြီး ရေးခဲ့တဲ့ စာအုပ်ထဲမှာ တစ်အုပ် အပါအ၀င် ဖြစ်တယ်။

ဖြစ်ချင်တာဖြစ် မောင်ဘချစ် ရေးတဲ့ ရည်ရွယ်ချက်ကို သိပါရစေ ဆရာ
မောင်ဘချစ်ဆိုရင်လည်း ပုဏ္ဏားဘကွန်းက ရုပ်ရဲ့ ချမ်းသာမှုကို ကျွန်တော် ရေးသွားတာ။ မောင်ဘချစ် ကတော့ လူတွေစိတ်ချမ်းသာစေချင်တယ်။ စိတ်ညစ်နေတဲ့ လူတွေ၊ စိတ်ညစ်တဲ့လူတွေ စိတ်ချမ်းသာ စေချင်တာနဲ့ကို ဒီဝတ္ထုကို ရေးခဲ့တာပါ။ ဒါ့ကျွန်တော် ရည်ရွယ်ချက်ပါ။
မောင်ဘချစ်ထဲမှာ သံတုံးကြီးကို အပ်ဖြစ်တဲ့ အထိ သွေးခိုင်းထားတာဟာ ဇွဲသတ္တိကို ဖော်ပြတဲ့ အနေနဲ့ ဆရာ ရေးထားတာ တွေရပါတယ်။ ဒါပေမဲ့ စာဖတ်ပရိတ်သက် အများစု ရင်ထဲမှာ သဘာဝ ယုတ္တိ ကင်းလွတ် တဲ့ တင်စားမှု လို့ မြင်ကြပါတယ်။

သံတုံးသွေးတဲ့ ဥပမာက တရုပ်ပုံပြင်မှာ ရှိပါတယ်။ တရုတ် လူမျိုးတော်တော် များများဟာ သမက် ရွေးရင် အဲဒီလို ရွေးတယ်လို့ ကြားဖူးပါတယ်။ ဒါဟာဇွဲသတ္တိကို ပြတာပါ။ ဒါကို သဘာဝယုတ္တိနဲ့ ကင်းလွတ်နေတယ် ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ သံတုန်းကို အပ်ဖြစ် အောင်သွေးပြီးမှ ချမ်းသားတဲ့နည်းကိုလည်းယူမှာ မဟုတ်ပါဘူး။ သို့သော်လည်း အဲဒီလောက် တောင် ဇွဲရှိတဲ့ မောင်ဘချစ်လို့ ကျွန်တော် ဆိုလိုချင်ပါပဲ။

ဆရာဝတ္ထုတွေ အသံသွင်း ဇာတ်လမ်း လုပ်တာ တွေ့ရပါတယ်။ တချို့ ဇာတ်လမ်း တွေက ၀တ္ထု တွေကို အရည်သွေး ညံ့ဖျင်းတာ တွေ့ရပါတယ်။ ဆရာအခု ဘယ်နှစ်ပုဒ်လောက် အသံသွင်းပြီးပါပြီလဲ
ဘယ်နှပုဒ် သွင်းပြီးပြီလဲဆိုတော့ ရုတ်တရက် ဖြေဖို့ရာ ခတ်ပါတယ်။ တော်တော်များမျာ ပါပဲ။ တချို့ဟာ တွေဆိုရင် ကျွန်တော်မသိဘဲ သွင်းလို့ နောက်ကလိုက်ပြီး စကားပြေရတာလဲ ရှိပါတယ်။ အသံသွင်း ဇာတ်တွေကို ကျွန်တော်ကိုယ်တိုင် သိပ်ဝါသနာပါလို့ သွင်းတာတော့ မဟုတ်ဘူး။

ကိုဝင်းငြိမ်းတို့လို မကင်းရာ မကင်းကြောင်း လူတွေက ငါတော့ ဒါလေး လုပ်ချင်တယ်ကွာ၊ ဒီလို ဒီလို အကူအညီ ပေးပါ ဆိုပြီး လုပ်သွားတာ တွေကများတယ်။
ကျွန်တော်ကိုယ်တိုင် ကလည်း သျပ်ပြီး လိုက်မကြည့်နိုင်တော့ ခုနက ကိုဝင်ငြိမ်း ပြောတာလို ၀တ္ထုကို ပျက်စီး သွားစေတာမျိုးတွေ ဘာတွေ ဖြစ်ကုန်တာပါပဲ
စာပေဟောပြောပွဲ နဲ့ စာပေဆွေးနွးပွဲ ဆရာဘယ်ဟာကို ပိုပြီးသဘောကျပါသလဲ။ ကျွန်တော် ကိုယ်ပိုင် အယူအဆ ကို ပြောရရင် ဟောပြောပွဲလည်း ကျွန်တော် ကိုယ်တိုင်က ဒါလောက် ၀ါသနာမပါဘူး။ ဆွေးနွေးပွဲလဲ အတူတူ ပါပဲ။အဲဒီနောက်မှာ တစ်ခုကိုပြေပါဆိုရင်တော့ စာပေဟော ပြောပွဲကတော့ ကျင်းပ ရတဲ့ လူတွေအတွက် ဒူါလောက်လည်း တာဝန်မရှိဘူး။

သွားရာက်ပြော ဆိုရတဲ့ လူတွေအတွက်လည်း အခတ်အခဲမရှိဘူး။ ဆွေးနွေးပွဲဆိုတာကတော့ တဖက်က မေးချင် မေးခွန်း တွေမေးမှာ တခါတလေလည်း လူပုဂ္ဂိုလ် ထိခိုက်တဲ့ မေးခွန်းတွေ ပါချင်ပါလာမယ်။ ဆရာ အိမ်ထောင် ဘယ်နှစ်ဆက် ရှိပါသလဲ ဆရာ အရက်သောက် ပါသလား စတဲ့ ကိုယ်ကျင့် တရားဆိုင် ရာ မေးခွန်းတွေလည်း ပါလာမယ်။ ကျွန်တော်ကြုံဖူးတဲ့ ရေးသူ၊ ဖတ်သူ ဆွေးနွေးပွဲတွေမှာ ဒါမျိုး မေးတာ တွေ့ရတယ်။ တချို့ ဒေသတွေမှာကြတော့လည်း ဘယ်လိုလုပ်လိုက်ပါသလား.. စတဲ့ အမေးမျိုးတွေ ပေါ့လေ။ တစ်ခါတလေမှာ သူတို့အကြံပေးတာက လုပ်လို့မရတာမျိုးတွေ။ အဲဒီတော့ ကျွန်တော်အတွေ့ အကြံရ ပြောရမယ်ဆိုရင် တခြား ဆရာတွေကတော့ ဘယ်လို ယူဆသလဲ မသိဘူ ပေါ့လေ ဆွေးနွေးပွဲ တွေဟာ တစ်ခါတလေမှာ ရှိပြီးသား ခင်မင်မှုကိုတောင် ဆုတ်ယုတ် စေ တတ်တယ်လို့ မြင်ပါတယ်။

ဆက်ပါအုန်းမည်
Credit:shwezinu.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း