ကိုယ်စောင့်နတ်
ကိုယ်စောင့်နတ်
သူမ လမ်းလျှောက်လာစဉ် အနောက်ကနေ အသံ တစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" ရပ်စမ်း..."
သူမ တုန့်ခနဲဖြစ်သွားသည်။
" ရပ်စမ်း..."
သူမ တုန့်ခနဲဖြစ်သွားသည်။
“နောက်ထပ် ခြေတလှမ်း ဆက်လှမ်းရင် မိုးပေါ်ကကျလာတဲ့ အုတ်ခဲ ခေါင်းအပေါ် တဲ့တဲ့ထိပြီး မင်း အသက် ထွက်သွားလိမ့်မယ်။”
ထိတ်လန့်စွာနဲ့ လှမ်းနေတဲ့ ခြေလှမ်း ရပ်မိချိန်မှာ သူ့အရှေ့ လမ်းပေါ်ကို အုတ်ခဲတစ်လုံး ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ အံ့သြ ထိတ်လန့်စွာနှင့် စိတ်လှုပ်ရှားသွားသည်။
" တကယ်လို့များ မရပ်ပဲ ခြေတလှမ်း ဆက်လှမ်းမိခဲ့ရင်"
သူမ တုန်လှုပ်ခြောက်ခြားစွာနှင့် ဆက် လျှောက်ခဲ့ရာ ခဏအကြာတွင် လမ်းဆုံတစ်ခုကို ရောက်၍ လမ်းထောင့်မှ လမ်းဖြတ်ကူးရန် ပြင်လိုက်စဉ် စောစောက သူမကြားခဲ့ရသည့် အသံက အနောက်မှနေ ၍ ထွက်လာပြန်သည်။
" လမ်း မကူးနဲ့ဦး၊ ငြိမ်ငြိမ်ရပ်နေ။ နောက် ခြေတလှမ်း အရှေ့ကို လှမ်းလိုက်တာနဲ့ မင်းကို ကား ဖြတ် ကြိတ်ပြီး နေရာတင် သေသွားလိမ့်မယ် "
အသံရှင် သတိပေးသည့်အတိုင်း ရပ်နေလိုက်နေလိုက်မိသည်။ ထိုစဉ်မှပင်လမ်းအချိုးမှနေ၍ ကားတစ်စီး အရှိန်ပြင်းစွာ ကွေ့ချိုးလာပြီး သူ့မအရှေ့မှနေ၍ သီသီကလေး ပွတ်ကပ်မောင်းချ သွားသည်။
တထိတ်ထိတ်ခုန်နေသည့် ရင်အစုံကို လက်ဖြင့်ဖိရင်း ကတုန်ကရင် မေးလိုက်မိသည်။
“အခု သတိပေးနေတာ ဘယ်သူလဲ”
ငြင်သာအေးချမ်းသည့် အသံဖြင့်
" အခုပြောနေတာ မင်းရဲ့ ကိုယ်စောင့်နတ်ပါ "
" ရှင်... တကယ်ကြီးလား "
" ငါက မင်းကို ဘာ့ကြောင့် လိမ်ညာရမှာလဲ..."
" ဒါနဲ့များရှင် ... ကျွန်မ သူနဲ့အိမ်ထောင် ပြုမယ် ဆိုတုန်းက ဘယ်ရောက်နေတာတုန်း၊ ရှင် ဘာလို့ မတားခဲ့တာလဲ၊ အဲဒါကို ကျွန်မ စိတ်အဆိုးဆုံးပဲ။ ရှင်သာ တားခဲ့မယ်ဆိုရင် အသက်အန္တရယ်ကယ်ခဲ့တာထက် ပိုကျေးဇူးတင်မိမှာပဲ..."
Credit:Original Writer
(မဂ္ဂဇင်းတစ်အုပ်မှ ဖတ်ဖူးခဲ့သည်ကို ပြန်လည်ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/authorshintnyolay
Comments
Post a Comment