ရှုတိုင်းယဉ်

ရှုတိုင်းယဉ်

 
အဖေ အမေ မြန်မာသွေးမို့
မြန်မာမလေး အစစ်ပါရှင် ။
မြန်မာဆန်အောင် တမင်ရွေးလို့
စံပယ်လေးလို့ နာမည်တွင်။
မြန်မာ့အမြင် ရှုမငြီးအောင်
ကြက်တောင်စည်းနဲ့ အလှပြင် ။
မြန်မာ့ရိုးရာ သနပ်ခါးနဲ့
ပါးကွက်ကျားလေး ပါးမှာတင်။
ရင်ဖုံးအင်္ကျီ ချိတ်ထဘီလှနဲ့
မြန်မာပီသ ဝတ်စားဆင် ။
သူများဟန်ပန် ဘယ်မတုနဲ့
ကိုယ့်ယဉ်ကျေးမှု ကိုယ်ချစ်ခင်
ရှုတိုင်းယဉ် ရှုတိုင်းယဉ် ။ ။
 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း