မင်းဝတာကို ငါချစ်တယ်
မင်းဝတာကို ငါချစ်တယ်
ပေါင်ချိန်(၁၆၀) မဟုတ်
မင်းဝတာကို ငါချစ်တယ်
ကမ္ဘာတစ်ခြမ်းမဟုတ် အပြည့်
ကောင်းကင်တစ်ဝက်မဟုတ် အပြည့်
စကြာဝဠာတစ်စိတ်မဟုတ် အပြည့်
လက်ဖက်ရည်ဆိုင် ထိုင်ခုံအားလုံး
စားသုံးသူအားလုံး
ချစ်သူ မုန်းသူအားလုံး
မင်းလက်မှာ ပန်းစည်းစည်းကာပေါ့ပါး
မင်းဝတာကို ငါချစ်တယ်…။
(သုခမိန်လှိုင်)
Comments
Post a Comment