သူဇာပျို့

သူဇာပျို့

၈၇။ သည့်နှယ်နှစ်ဦး၊ စုံပူးပိုက်နွှဲ၊ တလဲလဲပင်၊ သန်လွဲသန်ကျော်၊ မိုးသောက်သော်လည်း၊ ကိုယ်တော်မခြား၊ သည်စကားသာ၊ တပါးမလာ၊ မျက်နှာသမ်းညို၊ ငိုယိုငိုယို၊ ဆိုကြအော်လဲ၊ နွဲကြကာကာ၊ ဖြစ်ခြင်းရာကို၊ များစွာမြင်သူ၊ သည်းအူပြတ်မျှ၊ ကြေကွဲက၏၊ မွေးဘရာဇာ၊ ပြည်ကြီးချာလည်း၊ များစွာပုံယင်၊ စစ်လေးအင်ကို၊ စီရင်သီးသီး၊ ခန့်ရပြီးသော်၊ စစ်ကြီးမချီ၊ ခင်မီကာလ၊ တနေ့ကပင်၊ တပ်မလက်ရင်း၊ ဆင် မြင်း ရထား၊ များပြားရဲမက်၊ လက်နက်ကိရိယာ၊ ဆန်ဆာထက်ကြပ်၊ မြင်းတပ်ရှေ့ဆုံး၊ တွက်ကျုံးစင်စစ်၊ ဆဲနှစ်ခေါဘိဏီ၊ စုံညီအင်ကွပ်၊ အကြပ်စာရေး၊ ရည်ရွေးနာခံ၊ မြဲမြံစွမ်းရဲ၊ စစ်ကဲတပ်မှူး၊ ဆက်ကူးရှက်စပ်၊ အတပ်တပ်သိ၊ အထပ်ထိန့်ဆူ၊ ပလူစိုရွ၊ ကျိုင်းကျသောဟန်၊ သုဝဏ်ဒွါရ၊ တံခါးပြင်က၊ စ၍စဉ်စီ၊ ပည်းသီအံ့လောက်၊ ထိုထိုရောက်၏၊ ရှေ့နောက်ထားနေ၊ တပ်ခင်းစေသည်။ ။ ဝေးမြေဓွန့် ရှည်လျား၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း