သူဇာပျို့
၉၁။ ယင်းသို့ဆိုလျှင်၊ ဟာ ရှင် ထိပ်ချာ၊ ညီလှပါသည်၊ မေတ္တာတူရှည်၊ မမျှသည်ကြောင့်၊ ပေါ်ဖြည်သာဖြား၊ စစ်ကိုလားသား၊ သွားစပိုင်အောင်၊ လုပ်ဆောင်ပြုသ၊ မိန့်သမျှကို၊ ယုယသံချို၊ ဆိုပါနှင့်တော့၊ ပျောင်းပျော့နွမ်းလျ၊ ကျွန်မတို့လျောက်၊ သားတယောက်နှင့်၊ ညှိုးခြောက်ဆူဝေ၊ သေသေရှင်ရှင်၊ ဖြစ်ချင်လိုရာ၊ ရှိပါစေရှင်၊ တကကယ်ပင်ဟု၊ မပြင်မပြု၊ သဘောမှုဖြင့်၊ ငယ်နုဆင်းရောင်၊ မျက်မှောင်ကုပ်ကုပ်၊ ဦးလှုပ်လက်ခါ၊ ချစ်မျက်ပါနှင့်၊ မျက်နှာလွှဲသွေ၊ ငဲ့စောင်းနေသော်၊ ဘုန်းဝေညွန့်ဖြာ၊ နန်းပွင့်လျာကား၊ ထပ်ကာပူသည်၊ ဖိမ့်ဖိမ့်ကြည်းမျှ၊ အူသည်းမချိ၊ ပြတ်လှုရှိလျက်၊ ဖြူအိဝင်းပ၊ မင်းရှင်လှငယ်၊ ချေပတုံ့ခေါက်၊ မလျှောက်နိုင်ပြီ၊ မှိုင်းရီပူပန်၊ ကျွန်ုပ်ကျွန်ကို၊ ပြန်၍တခါ၊ သနားပါတော့၊ ကြံရာခဲလွန်၊ သည့်တိုင်းမှန်လျှင်၊ သုဝဏ်ဒွါရ၊ သေရတော့မည်၊ ထင်ခဲ့သည်ဟု၊ ဖြေဆည်ယုယ၊ တ မ မ လျှင်၊ နှိမ့်ချဖန်များ၊ ယို့ယို့တွားမျှ၊ ထွတ်ထားမြှောက်တင်၊ ရှိပင်ခိုးမြူး၊ ပျံ့ပျူးဖျော်ပြောင်း၊ စိတ်ပြေကြောင်းကို၊ ဖြားယောင်းသည်နှင့်၊ နေမြင့်ချိန်လျော်၊ ခါကျူးကျော်သည်။ ။ စိတ်တော်ပန်ရိရှား၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment