သူဇာပျို့

သူဇာပျို့

၉၀။ သို့မှမကြာ၊ မင်းသူဇာကို၊ သွားပါတော့မည်၊ မင်းရွှေရည်ဟု၊ မိန့်သည်ရှိက၊ မင်းလှရှင်ကား၊ ဝမ်းတွင်လှိုက်ပူ၊ ပင်လယ်ဆူသို့၊ သည်းအူပြတ်မျှ၊ မချိလှ၍၊ မဟနိုင်ရှာ၊ ခြေတော်ကြာကို၊ ဦးသာချလျက်၊ ရှိုက်မက်ယိမ်းယဲ့၊ မိန်းမောခဲ့၏၊ ယဉ်နွဲ့ထိပ်တင်၊ အိမ်ရှေ့ရှင်လည်း၊ ဆောလျင်ရွှေလက်၊ မ, တည့်ဖက်၍၊ လှိုက်ပွက်ဆူဝေ၊ မိန်းမောလေ၏၊ ခြွေရွေဖျဖျ၊ လာကုန်ကြ၏၊ ဗြဟ္မဝါဒိယ၊ စသည့်အကျော်၊ သာမားတော်တို့၊ သာစုံပျော်မက်၊ ဆေးဝါးဆက်မှ၊ သတိရသော်၊ မင်းလှမဉ္ဇူ၊ ရွဖြူအူကား၊ နေတူရောင်သွယ်၊ ကွက်ကျယ်ကျူးကဲ၊ ဖြစ်ခက်ခဲသည်၊ ဝတ်လဲတော်လွန်၊ နှာမောင်းစွန်ကို၊ ပူပန်တုန်လှုပ်၊ မျက်နှာအုပ်၍၊ မချုပ်တည်းပါ၊ ပြင်းစွာရှိုက်မဲ့၊ ငိုပြန်ခဲ့သော်၊ ဘက်ရှဲ့လွတ်ကွာ၊ နန်းပွင့်လျာမှာ၊ ဗျာပါကြီးလှ၊ ဟိန်း ဟဲ ချ၍၊ လက်ကျမှိုင်ကာ၊ ကြာတောင်းကြာမှ၊ နှိုင်းရာမရှည့်၊ ယဉ်သည့်နဖူး၊ ပြင်အံ့ကြူးကို၊ ဖြည့်ဖြူးယုယ၊ နမ်းပြီးမှလျှင်၊ မင်းလှရှင်ငယ်၊ ပန်းနှယ်ညှိုးကျော်၊ နှလုံးတော်ကို၊ ဖြေဖျော်ချုပ်ထိမ်း၊ သိမ်းပါတော့ရှင်၊ ကြာတင်မြင့်ကျူး၊ နှစ်ကူးလေသည်၊ ရှိမည်မှတ်ပါ၊ သွားနှင့်လာသာ၊ ကြာပါလိမ့်မည်၊ မင်းရွှေရည်ဟု၊ နှုတ်ကြည်ပန်းသွင်၊ မိန့်ဖြေတင်သည်။ ။ ကြည်လင်ခညွတ်တွား၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း