သူဇာပျို့

သူဇာပျို့

၁၁၀။ နန်းမဘုရား၊ မြတ်ဖျားဘုန်းထူ၊ မိန့်တော်မူသော်၊ ဖြူအူဝင်းဝါ၊ မင်းသူဇာကား၊ ပွင့်အာတွဲလှု၊ ရွှေရင်နုကို၊ ခုခုရွှေလက်၊ ဆိတ်ထုချက်လျက်၊ ရှိုက်မက် − မတည်၊ ရွှမ်းမျက်ရည်နှင့်၊ လျှောက်သည်သံညင်း၊ ထွတ်ထိပ်နင်း။ ။ လွန်ပြင်းထောက်မ၊ သနားလှ၍၊ မိဘနေပြည်၊ ရှေ့ရည်စူးစူး၊ သွားချေဦးတော့၊ ညံ့နူးထွေသာ၊ မိန့်သည်ရာကို၊ မေတ္တာအထူး၊ ကျေးဇူးတော်ဂုဏ်၊ မကုန်မိုးမျှ၊ ကြီးပေလှ၏၊ အံ့ရကျူးကျော်၊ သို့ဖြစ်သော်လည်း၊ ဘုန်းတော်ဝံ့လန်း၊ ပွင့်လှုရွှန်းသည်၊ ရွှေနန်းစိုးလျာ၊ မယ့်ထိပ်ချာကို၊ မညှာ − မလေး၊ သွားမည့်ရေးသည်၊ မြှော်တွေး၍မျှ၊ကြံမရခဲ့၊ ကြမ္မစီရင်၊ ဖြစ်ချင်သမျှ၊ နှလုံးချ၍၊ ကျွန်မထိပ်တင်၊ သခင်ရှိရာ၊ လိုက်ပါတော့မည်၊ ဘုန်းခြည်တောက်ဝါ၊ ထိပ်ချာယဉ်နွဲ့၊ အပ်ထားခဲ့သည်၊ လျှပ်ကဲ့ပမာ၊ ရောင်ဖြာပြိုးပြက်၊ မြဘယက်ကို၊ ထွတ်ချက်ခေါင်ချာ၊ သနားပါတော့၊ လိုရာမိုးမြေ၊ ပျံနိုင်စေသည်၊ လျှံဝေရောင်ခြည်၊ သည်ဘယက်မျှ၊ အနဂ္ဃကို၊ ရပါမှသာ၊ မကြာလျင်လျား၊ ပျံချေသွား၍၊ ဘဝါးမာလာ၊ ပွင့်ရွှေကြာတွင်၊ ပါသည်မြူသေး၊ ဝတ်ဆံမွှေးကို၊ ကြည်လေးမြတ်စွာ၊ မယ့်မျက်နှာတွင်၊ ချေပါရမည်၊ ဖြစ်ပါသည်ဟု၊ မျက်ရည်ပြိုင်စက်၊ လျှောက်ဆိုမြွက်သည်။ ။ လှိုင်ပွက်ဝမ်းကဆူကာတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း