သူဇာပျို့

သူဇာပျို့

၁၀၈။ ထိုသို့သောခါ၊ မင်းသူဇာကား၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်လွန်းလှ၍၊ မဟနိုင်ရာ၊ မျက်နှာဖြူခြောက်၊ တဆုပ်လောက်နှင့်၊ ရွှေမှောက်ထွတ်ချက်၊ ရှစ်သောင်းထက်၏၊ နှစ်ဘက်ခြေမှာ၊ ဖက်၍သာလျှင်၊ သည်းချာမဟိ၊ ဟိုက်လျှင်းဘိ၏၊ သို့ရှိခါသော်၊ ပျိုတော်တယောက်၊ ကြွင်းမဲ့လျှောက်က၊ နန်းမထိပ်ပေါ်၊ မျက်တော်ပြင်းလှ၊ ဟူးဟူးထ၍၊ ပါပကျင့်ညစ်၊ ပုဏ္ဏားယစ်သည်၊ ဧကရာဇ်အလျာ၊ ငါ့သည်းချာကို၊ ပြင်းစွာမုန်းထား၊ အငြိုးထား၍၊ လှည့်စားပြုပြင်၊ သို့စင်ကွေ့လည်း၊ ကြံစည်သည်ကို၊ မရှည်ကြာခင်၊ ပူပင်လတ်လတ်၊ သင့်ကိုသတ်ပါ၊ မြိုင်သာရိပ်လန်း၊ ဥယျာဉ်နန်းဝယ်၊ ဘုန်းရွှန်းလျှံဝေ၊ ကိုယ်တော်နေ၏၊ လျှောက်ချေအလျင်၊ ယခုပင်ဟု၊ မရွှင်ထဲပိုက်၊ စေလိုက်သော့အား၊ စေသူသွား၍၊ တံခါးသေချာ၊ ဥယျာဉ်မှာနှိုက်၊ လွှား, ကာ, ဒိုင်း, ဝင်း၊ လက်နက်ကျင်းလျက်၊ ထန်ပြင်းဆီးဆ၊ မဝင်ရဘဲ၊ ဖင့်နွှဲမကြာ၊ ပြန်ရောက်လှာသော်၊ အချာနန်းမ၊ အစိုးရသည်၊ ကြင်ဆသက်တူ၊ မိဘုန်းထူကား၊ မင်းသူဇာကို၊ ဘယ်၍ငိုမှ၊ ဆိုသည့်ပျံ့ကြွယ်၊ မင်းလှငယ်။ ။ အံ့ဘွယ်ပုံဖြီး၊ မြေကြီးမှောက်လှန်၊ ကမ္ဘာပြန်သို့၊ ဖြစ်ဟန်တူစွာ၊ သည်ရေးရာသည်၊ မျက်ပါငြိုးထား၊ သည်ပုဏ္ဏားနှင့်၊ မခြားတူပင်၊ သည်ရှင်ဘုရင်၊ တိုင်ပင်ညီကြ၊ တမျှစိတ်နေ၊ ဖြစ်ချေသည်ရှင်၊ လွန်ခဲအင်သည်။ ။ မိခင်ကြံရေးခက်စွာတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း