သူဇာပျို့

သူဇာပျို့

၁၀၅။ အနုပိယဘာဏီ၊ ခေါ်ညီစင်စစ်၊ ခင်ပွန်းဖြစ်သည်၊ ကျင့်ညစ်ပုဏ္ဏား၊ ဆိုစကားကို၊ ယုံမှာချေ၍၊ စုံစေ့များစွာ၊ လိုရာရာကို၊ ဘွေရှာစိတ်အား၊ လျောက်လျားယူလေ၊ ရွှေမြေတိုင်းကျော်၊ နိုင်ငံတော်တွင်၊ မပေါ်မရှိ၊ မသိသည်သာ၊ ဆရာမယူ၊ လွတ်လေဟူ၍၊ လွယ်ကူသံချို၊ စုန်းကိုသားကင်၊ ထည့်မှားကျင်သို့၊ နတ်ရှင်ဘုန်းထွတ်၊ မိန့်တော်လွှတ်၍၊ ချမ်းမြတ်ရိပ်ဝှဲ၊ ဥယျာဉ်ထဲသို့၊ ဘော်ရှဲရှောင်နေ၊ ကြွဝင်လေ၏၊ ပေအောင်ငယ်က၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ သညီငယ်မည်၊ တွင်သည်ကြားကျော်၊ ကြီးရင့်သော်ကား၊ မလျော်လေဘဲ၊ ကျူးကဲမိုးလှ၊ ရာဇိန္ဒရာဇဂုရု၊ နုသည်နာမ၊ ဘွဲ့မည်ရသည်၊ လောဘရမ္မက်၊ ပုဏ္ဏားပျက်ကား၊ သားငှက်ပုံယင်၊ မြင်းဆင်ကစ၊ များလှတိရစ္ဆာန်၊ သေဒဏ်မှတ်သား၊ နှောင်ထားသည့်လူ၊ ယူ၍ဖြင်ညီး၊ စုထားပြီးသော်၊ အံ့ချီးလူ့မြေ၊ ကိန္နရေကို၊ ရစေမင်းများ၊ ခုလျင်လျားဟု၊ ဆိုငြားသောခါ၊ ကိန္နရာကို၊ ဘယ်မှာတို့သည်၊ ရနိုင်မည်ဟု၊ မကြည်မချို၊ မတ်များဆိုသော်၊ နဂိုရ်ရွှေပြည်၊ ပျက်စီးမည်ကို၊ တားဆည်ဆီးဆ၊ တယောက်မျှလျှင်၊ တီတွမဲ့ထွေ၊ မသေကောင်းလော၊ လျင်ဆောခုသာ၊ မိသူဇာကို၊ ငါပင်ရှေ့တည်၊ သွားယူမည်ဟု၊ အရည်စိမ်းစို၊ မြင်းမိုရ်ရွှေကြပ်၊ လျှပ်လျှပ်ပြောင်ပြောင်၊ နောက်ကဆောင်လျက်၊ ကြွေရောင်မညှိုး၊ ပုဆိုးဖြူညက်၊ စက်နားဆက်နှင့်၊ နှစ်ဘက်ဟန်ပန်၊ ဝင့်ပြန်လွန်ကဲ၊ သုတ်သုတ်လွှဲလျက်၊ သဲသဲများစ္စာ၊ ခြွေရံကာနှင့်၊ သည်သာဘုန်းကျော်၊ အိမ်ရှေ့တော်သို့၊ ရည်ရော်ဖြောင့်သား၊ စိုက်စိုက်သွားသည်။ ။ တရားမလျော်ပြောင်းပြန်တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း