သူဇာပျို့

သူဇာပျို့

၁၀၇။ သို့နှင့်မနေ၊ ရှာဘွေကာကာ၊ မင်းသူဇာမှာ၊ ဖန်ပြာအိကျုံး၊ ရောင်မြှုံးပတ္တလား၊ ပန်းရောင်ဝါးနှင့်၊ ပိတ်သားရွှေချည်၊ ထိုးသည်သေသတ်၊ လက်ခတ်အမိုး၊ သန္တာရိုးကို၊ မြတ်နိုးကြည်လင်၊ ထိပ်မှာတင်၍၊ ရင်မှာချပ်လျက်၊ ပြိုက်စက်သွယ်ရွှမ်း၊ ခုခုနမ်းသည်၊ အလွမ်းထပ်ကာ၊ မပြေရှာသော်၊ ဝေဆာမူးမှောင်၊ ပြူယောင်ပြုမှား၊ ဘိုးများနဂ္ဃ၊ ပုကန်မြတွင်၊ ကြိုင်ပျဖြိုးပြည့်၊ နှင်းရည်ထည့်၍၊ ယင်းသည့်ထိပ်ထွတ်၊ တီးမြဲမှတ်သည်၊ လက်ခတ်သစ်ပေါ့၊ ပန်းရည့်ဖြော့ကို၊ ပျောင်းပျော့ပူဆာ၊ ထိပ်မှာလည်းတင်၊ ရင်မှာလည်းချပ်၊ ပါးမှာကပ်၍၊ ပွတ်သပ်ဖန်များ၊ နမ်းသည်လားနှင့်၊ လွမ်းအားကြီးအင်၊ နေစဉ်တွင်နှိုက်၊ ပည်းဖြင်တအုပ်၊ ကိုယ်လုပ်မောင်းမ၊ အကြီးစသည်၊ ငိုကြလန့်ကြ၊ ဘုရားဘုရား၊ တို့ထိပ်ထားကို၊ ပုဏ္ဏားလူကျော်၊ ယဇ်ပူဇော်ရာ၊ ယဇ်စာထည့်မည်၊ ယူလာသည်ရှင့်၊ ခုပင်ထိပ်နင်း၊ ရွှေနန်းတွင်းသို့၊ အပြင်းရှေးရှူ၊ ဝင်တော်မူမှ၊ ခေါ်ယူတဲမ၊ ဝန်းရံကြလျက်၊ နဝရတနာ၊ စီမြွာကိုးမျက်၊ ရွှေယာဉ်ထက်သို့၊ ရွှေလက်ဆွဲငင်၊ အသော့တင်မှ၊ ဆောလျင်ပြင်းပြ၊ သွားလေကြ၍၊ နန်းမစိုးစံ၊ ဘုရားထံသို့၊ ရည်သံထုတ်ချောက်၊ ဝင်လေရောက်သော်၊ ရွှေမှောက်ထိပ်ဗွေ၊ အေ − အေ မယ်မှ၊ ဘယ်ကိစ္စဟု၊ ထိတ်လှလန့်ကြား၊ မေးလတ်ငြားသည်။ ။ လျှင်လျားရုတ်ခြည်းပြေးလှာတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း