သူဇာပျို့

သူဇာပျို့

၁၀၆။ အိမ်ရှေ့မိဖုရား၊ ထွတ်ထားစရာ၊ မိသူဇာကို၊ ယစ်စာပို့ယူ၊ အပ်မည်ဟူ၍၊ လူသူများစွာ၊ ပုဏ္ဏားလာဟု၊ ရှိန်ဝါပြောင်ပြောင်၊ ရှားမီးလောင်သို့၊ ထိန်အောင်ထိတ်လှ၊ လန့်ဖျပ်ကြသော်၊ ပြင်ကအတွင်း၊ ချက်ချင်းခဏ၊ ကြားသိကြ၍၊ ခြောက်ပါးနှောင်းမြင်၊ မင်းရှင်လှမှာ၊ မရွှင်ညွတ်ခွေ့၊ ယင်းသည့်နေ့တွင်၊ ဝိုက်ဝှေ့ဝမ်းမှာ၊ အခါခါထက်၊ ထပ်ကာလောင်းဆင့်၊ အလွမ်းမြင့်၍၊ သခင့်ခြေရာ၊ ထိပ်ချာဗွေထက်၊ မျက်နှာကြက်ကို၊ ရှိလက်စုံကာ၊ ကြိမ်ခါများလှ၊ ဦးသာချ၍၊ ထိပ်စတင်တင်၊ သခင်ညစ်ခံ၊ ညိုလျှံလဲ့ရှိမ်း၊ အစိမ်းဆယ်မည်၊ ရွှေခြည်ကပ်ကွက်၊ လက်ချိပ်ရက်သည်၊ ချောညက်ကျူကျော်၊ ဝတ်လဲတော်ကို၊ ထိပ်ပေါ်တင်ကာ၊ မျက်နှာအုပ်လွွှမ်း၊ ကြိမ်ကြိမ်နမ်း၍၊ အလွမ်းမပြေ၊ သည်းလေလေဖြင့်၊ ဘွေဘွေရှာရှာ၊ စက်မွေ့ရာကို၊ နမ်းပါသော်လည်း၊ လွမ်းပြန်သည်း၍၊ တင့်ရည်းသာရွှင်၊ ထိပ်တင်မင်းလှ၊ တီးနေကြသည်၊ စိမ်းမြချယ်စီ၊ သိင်္ဂီမြူမဲ့၊ ရွှေညှို့ဘွဲ့လျက်၊ နှိုင်းရှဲ့မရ၊ ကရဝိက၊ ဃောသမည်မှတ်၊ စောင်းတုလွတ်ကို၊ လေးမြတ်စုံမက်၊ ပိုက်ခါဘက်၍၊ ရွှေလက်ထိရာ၊ သည်ဆီမှာတု၊ ဘွေရှာယောင်ယမ်း၊ ကြံကာနမ်းသည်၊ အလွမ်းထပ်ကျယ်၊ သနားဘွယ်။ ။ ပြိုက်သွယ်မျက်ရည်နှင့်သာတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း