သူဇာပျို့
၁၀၂။ ယဉ်မျိုးထိပ်ဗွေ၊ မိုးနိမ့်နေသည်၊ သပြေစိုးရန့်၊ ရဲတမ်းခွန်ကား၊ လွမ်းဝှန်အူသည်း၊ ဖိမ့်ဖိမ့်ကြည်း၍၊ ဟိန်းဟည်းဖန်များ၊ ချသည့်သားနှင့်၊ ရပ်ခြားသူ့မြေ၊ တိုင်ရောက်လေသော်၊ ငံ့နေမတင်း၊ ဆင်ခင်းမြင်းရာ၊ မညှာမဆ၊ ဗျူဟာ့သုံးပါး၊ မှတ်သားမပြု၊ လျင်မှုခဏ၊ ထပ်မျှမတည်၊ ငံ့ဆည်မမြော်၊ တိုက်စည်ဆော်၍၊ ဗြာကြော်ထိန့်ဆူ၊ သောင်းသောင်းအူမျှ၊ သူ့သူစစ်ဆိုင်၊ ပြိုင်ပြိုင်သမျှ၊ ကြွင်းရမထင်၊ အစဉ်သတ်လိုက်၊ ချွံချွံတိုက်၍၊ ရောက်ဆိုက်ရိုင်ရိုင်၊ မြို့ရင်းတိုင်သော်၊ ကြံ့ခိုင်လူကျော်၊ မြို့ပေါ်ခုန်လွှား၊ တံခါးကိုဆင်၊ ဖျက်ဘောက်ဝင်၍၊ မြင်းလျင်ဗိုလ်ခြေ၊ တွက်ရေမရှိ၊ နောက်ထပ်ဖိသော်၊ ဟိတ္ထိပူရ၊ မင်းကစသည်၊ ပြည်မအလုံး၊ ပတ်ကုံးမကြွင်း၊ တပွဲချင်းနှင့်၊ လျင်ပြင်းခဏ၊ အကုန်ရ၍၊ ပူရဟတ္ထိ၊ တွင်ရှိမည်မှည့်၊ မြို့၏အပါ၊ ကြေညာတလွှား၊ မြို့ပြများက၊ သားနှင့်သမီး၊ ဆင်ကြီးမြင်းကျော်၊ ပူဇော်ရှိလက်၊ ညွတ်လှာဆက်သော်၊ နှောင့်ရှက်မထင်၊ ရန်မျိုးစင်၏၊ သို့လျှင်မကြာ၊ နောင်လာဆီးဆို့၊ မြို့အစီရင်၊ သိမြင်စစစ်ကဲ၊ ယှဉ်တွဲနာခံ၊ စီမံသီးသီး၊ ခန့်ထားပြီးလျှင်၊ သူ့ရှင်မင်းသား၊ မိဖုရားနှင့်၊ မြေး, သားမကြွင်း၊ ယူခဲ့လျှင်း၍၊ ရပ်တင်းမညှာ၊ ပြန်ခဲ့လာသည်။ ။ မကြာမငံ့လျင်ထန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment