သူဇာပျို့
၁၀၃။ ထိုမြို့ကခွာ၊ အကွာစခန်း၊ ချမှန်းတထောက်၊
ရောက်သည့်နေ့ဝယ်၊ ဘုန်းငွေ့တောက်ရှိန်၊ ထိန်ပြင်းထိန်သည်၊ ရာဇိန္ဒရာဇာ၊
မည်သာတွင်ခေါ်၊ ခမည်းတော်လျှင်၊ စက်ပျော်သာယာ၊ မိုးသောက်ခါနှိုက်၊
မင်္ဂလာမည်မှည့်၊ ထွန်းစည့်ရောင်ညီး၊ ရထားစီး၍၊ ကြွချီးစံတည်၊ ထက်နတ်ပြည်သို့၊
တက်သသည်ကိုထင်၊ အိပ်မက်မြင်သော်၊ နိုးလျှင်စိတ်က၊ ရွံထိတ်လှလျက်၊ နံနက်စောလှ၊
ထ တော်မူ၍၊ တံပူကိစ္စ၊ ပြီးပြီးမှလျှင်၊ ရာဇိန္ဒရာဇဂုရု၊ နုသည့်အမတ်၊
ကြမ်းသည်စိတ်လက်၊ ပုဏ္ဏားပျက်ကို၊ အိပ်မက်မြင်ဟန်၊ ခေါ်တွင်ပြန်၏၊ အလွန်ကြောင်ဆင်၊
မင်းရိပ်ထင်သော်၊ သည်တွင်လွယ်ကူ၊ ငါ့ရန်သူကို၊ ကလူနှိပ်စက်၊ နိုင်ထက်ထားသည်၊
အောင်တော့မည်ဟု၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာကို၊ မြဲစွာကျိတ်ကျိတ်၊
မှတ်ရင်းစိတ်နှင့်၊ ထိတ်လန့်ပြန်ကြောင်း၊ လောင်းကာဆင့်လျက်၊ သည်အိပ်မက်ကို၊
ဘတ်မြွတ်တံ့တံ့၊ မလျှောက်ဝံ့ဟု၊ ပျေ့ညံ့ဖြည်းသာ၊ လျှောက်သော့ခါဝယ်၊
ထွတ်ချာရွှေမှောက်၊ လွန်ပြန်ကြောက်၍၊ တင်လျှောက်ဆရာ၊ ဘတ်ပါတော့ဟူ၊ မိန့်တော်မူက၊
ဘုန်းတူဘုရား၊ များမကြာခင်၊ သည်လတွင်ပင်၊ အရှင်မင်းသည်၊ အစတည်၍၊ ရွှေပြည်ရပ်ကြီး၊
ပျက်စီးမည်ဆင်၊ ဥပဒ်မြင်ဟု၊ ကြောက်ငြင် ဘွယ်လောက်၊ လုပ်ကြံလျှောက်သည်။ ။ အကောက်ကြံဆန်းအလွန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment