သူဇာပျို့
၁၀၁။ ဆဲ့နှစ်ခေါဘိဏီ၊ ပည်းသီစစ်ခြေ၊ တွက်ရေဖြင်ညီး၊
မြေကြီးနန့်နန့်၊ မြေမုန့်ကောင်းကင်၊ လောက်မျှ၍ပင်တည့်၊ စုံအင်လေးထွေ၊
ချီလေအံ့လောက်၊ ကွန်းသုံးထောက်ကို၊ အရောက်လျင်လှ၊ နေ့ချင်းချ၍၊ နေကြထုံ့ပိုင်း၊
စခန်းတိုင်းလည်း၊ မနှိုင်းယှည်သာ၊ လွမ်းခြင်းရာကို၊ မိန့်မှာစေ့ရေ၊ စာရွှေပေနှင့်၊
ပြစ်ပြေလိမ္မာ၊ နှုတ်လျှာရွရွ၊ ကျေပွန်လှသည်၊ ဇေယျမင်းရဲ၊ မည်သာကဲသည်။ မင်ရဲဇေယျ၊
စသည်ပျိငယ်၊ အရွယ်နုထွား၊ မင်းသားတို့အား၊ စေစေားနေကြ၊ လျှောက်စေရ၏ ညွတ်ခဆက်လှာ၊
ထိုရွှေစာကို၊ သိင်္ဂါလျှံတောက်၊ အိမ်တော်ရောက်သော်၊ ငံ့ထောက်မဲ့ဘူး၊
အိမ်ဆောင်မှူးနှင့်၊ ရာထူးတသီး၊ အကြီးတို့က၊ ဆင့်ဆက်ရ၏၊ အူရွရွှန်းရွှင်၊
မင်းရှင်ကလည်း၊ အူသည်းပြတ်မျှ၊ လွမ်းလှသည်ဖြစ်၊ ဘွေလှစ်လျှောက်မှာ၊ ရွှေပေစာကို၊
ရေးရာသိလှ၊ ဇေယျယဉ်နု၊ လူမှုကုံတွင်၊ နားဝင်ရှင်မှု၊ ယဉ်နုဇေယျ၊ စသည်မည်ဆို၊
မတ်ပျိုတို့အား၊ အကြီးများက၊ မှတ်သားမြဲနေ၊ သင့်အပစေ၍၊ ရိုသေညွတ်ခ၊ ဆက်စေရ၏၊
ယဉ်လှသည့်ရှင်၊ ထိပ်တင်ကစေ၊ ဖြူရွေဝင်းရွ၊ မင်းလှကခန့်၊ ရည်သန့်မင်းသား၊
မှူးမတ်များက၊ လာသွားတုံ့ဖယ်၊ ယက်ကန်းရှယ်သို့၊ အံဘွယ်ထွေလာ၊ မြင်းခွာရာဘိ၊
ထပ်ကာဆင့်လောင်း၊ တောလမ်းကြောင်းလည်း၊ ထောင်းထောင်း မုန့်ညက်၊ ဖုံဖုံတက်သည်။ ။ စဉ်ဆက်တနေ့မချန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment