သူဇာပျို့

သူဇာပျို့

၁၀၀။ ယင်းသို့သံချို၊ မင်းဖျားဆိုသော်၊ ကြည်ညိုရိုညွတ်၊ မိန့်တော်မြတ်ကို၊ ထွတ်ထိပ်ဦးဆီ၊ တင်ပါပြီဟု၊ လက်ချီစုံမြှောက်၊ ဝန်ခံလျှောက်မူ၊ ချိန်ရောက်သင့်လျော်၊ ခါတော်မျို့ကောင်း၊ ပြည့်စုံကြောင်းကို၊ သံညောင်းမွှေးပျ၊ တွင်းဝန်ကလည်း၊ ဇေယျဒူတ၊ သိပ္ပသရေ၊ မည်ထွေသာထူး၊ မိန်းမမှူးတို့၊ သာကြူးလွတ်ကျွန်း၊ နန်းမတော်ရောက်၊ ဆက်လှာလျှောက်သော်၊ ရွှေမှောက်ဘုန်းခေါင်၊ မောက်ကြွတော့ဟူ၊ မိန့်တော်မူ၍၊ ဇမ္ဗူကျွန်းစည်၊ စိုးလျှောက်တည်သည်၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာလည်း၊ သိင်္ဂါဘုံကျော်၊ ဗြဲတိုက်တော်က၊ သက်ကြွခဲ့သော်၊ ဘုန်းတော်ကြီးလှ၊ ဘုရာ့းတွင်းဝန်၊ မကျန်မှူးမတ်၊ ဝန်းပတ်ရံကာ၊ စဉ်တိုင်းလာ၍၊ ရတနာမြတ်လှ၊ မြောင်နာဂထက်၊ ထွန်းပရောင်ညီး၊ စံပယ်ပြီးလျက်၊ ထပ်ဖြီးစဉ်လျား၊ လမ်းနားညိတ်ညိတ်၊ နှစ်ဖက်ပိတ်မျှ၊ ကြည့်ကြသသူ၊ ဆင်ဖြူလွလွ၊ သုမိတ္တနှင့်၊ မာဃနတ်ရှင်၊ စစ်မြေပြင်သို့၊ ရန်နှင်လွှင့်ဖြို၊ ထွက်သည်ဆိုလည်း၊ သည်ကိုထင်ရည်၊ မှီမည်ထားဦး၊ မတူဘူးဟု၊ ရူမူးစည်လျဉ်၊ အံ့ချီးစဉ်ဝယ်၊ ရဲယဉ်တင့်လှ၊ ချီလေကြသည်။ ။ ထိန်မျှသောင်းသဲသံဝှန်းတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း