သူဇာပျို့
၁၁၅။ အကျူးအကျော်၊ စိတ်ဆိုးလေသော်၊ ကျွန်တော်မမှာ၊
စုံအင်္ဂါနှင့်၊ လူပါဘက်ကို၊ မဆိုတခြား၊ လည်လွတ်ထားဘိ၊ သားငါးကိုမျှ၊
ကိုယ်နှင့်ဆ၍၊ တီးတွညှာတာ၊ ချစ်ကောင်းပါလျက်၊ ကြင်နာပါဘဲ၊ အလွဲကျင့်ယုတ်၊
မီမှာဖုတ်၍၊ ယဇ်ပုဇ္ဇော်မည်၊ ပြုဘိသည်ကြောင့်၊ ကြံစည်ဆန်းကြယ်၊ ကိုးကွယ်မရ၊
ကြီးသောကနှင့်၊ ကျွန်မခုသာ၊ လာခဲ့ပါသည်၊ ဗြဟ္မ, သိကြား၊ နတ်အများတို့၊
ထိပ်ထားရှိရာ၊ မကြာလျင်လျား၊ အသော့သွား၍၊ ထံပါးတော်နီး၊ လျှောက်ချေပြီးသော်၊
ဘုန်းကြီးသည့်ရှင်၊ မယ့်သခင်သည်၊ ခုပင်မကြာ၊ ဆီးကြိုလာအောင်၊ ပန်ထွာညွတ်ခ၊
ချီးပင့်ကြပါ၊ အရာအခွင့်၊ သို့နှင့်စိတ်တော်၊ မတူသော်မူ၊ တိမပေါ်ပျံဝဲ၊ ရေထဲအဆုံး၊
လေးကျွန်းလုံးကို၊ ပတ်ကုံးရစ်ခွေ၊ ရောက်နိုင်စေသည်၊ လျှံဝေစကြာ၊ ရတနာကို၊
ဘွေရှာနတ်တို့၊ ဆက်ပို့ချေ၍၊ တွက်ရေဗိုလ်ပါ၊ ယူဇနာတည့်၊ ချတာစင်စစ်၊
တဆဲ့နှစ်နှင့်၊ ရောက်လစ်စကြာ၊ ရှေ့တင်ကာလျက်၊ ကြိုလာဆီး၍၊ ရင်ဆိုင်တွေ့အောင်၊
ဘုန်းလွေ့သည့်ရှင်၊ မယ့်ထိပ်တင်သည်။ ။ ရွှေရင်ပျံ့ပျူး − စုံလှည့်ဦး။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment