သူဇာပျို့
၁၁၄။ ဆည်းတားမပြေ၊ ပြန်ကြွလေသော်၊ ဆူဝေလှိုက်ဝမ်း၊ ကောင်းကင်လမ်းဝယ်၊ ပြိုက်ရွှမ်းမျက်ရည်၊ ယိုစီးသည်နှင့်၊ မူနည်နွဲ့ပျို၊ ဘွဲ့နွဲ့ငို၏၊ အိုအိုထိပ်တင်၊ ငါ့သခင်ဝယ်၊ လျင်လျင်ဆီးတည့်၊ ကြိုပါလှည့်လော့၊ ရွှေပြည့်သခင်၊ ဘုန်းတန်းအင်နှင့်၊ မင်းစင်ကိုလျက်၊ ပုဏ္ဏားပျက်သည်၊ လွဲလျက်မုသား၊ ဆိုလှည့်စား၍၊ ငြိုးထားပြင်းထွေ၊ လူကိုသေအောင်၊ ရှာဘွေဆန်းပြား၊ ရှာသောအားဖြင့်၊ ထိပ်ထားရှိရာ၊ ကျွန်မလာသည်၊ ထိပ်ချာထိပ်ဆင့်၊ မယ့်မျက်ပွင့်ငယ်၊ ကြောက်နှင့်မိန့်တည့်၊ ဆိုပါလှည့်လော့၊ နှိုင်းရှည့်စာနာ၊ အကြောင်းမှာပ၊ ယုတ်မာမှုထား၊ ပုဏ္ဏားသားသည်၊ တရားမဖြောင့်၊ ဆင်သည်ကြောင့်သာ၊ ကိုယ်တွင်ပါ၍၊ နန်းလျာရည်သွား၊ မယ့်ထိပ်ထားကို၊ တရားစီရင်၊ ဘနတ်ရှင်က၊ သာရွှင်စိတ်ကြည်၊ အပ်ပါသည်ကို၊ ဘွေနှည်စိတ်ဆိုး၊ တို့ကိုငြိုး၍၊ အကျိုးမဲ့ပင်၊ သို့စင်နှိပ်စက်၊ ကြံလေချက်ကို၊ အထက်မိုးဖျား၊ စိုးထင်ရှားသည်၊ သိကြားဗြဟ္မာ၊ နတ်တကာတို့၊ စေ့ရှာခြင်းတ၊ သိကြပါစေ၊ ရှိရလေခြင်း၊ လွန်ကျူးမင်းသည်။ ။ အခင်းစိတ်ဆူး − လောက်ပါဘူး။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment