သူဇာပျို့

သူဇာပျို့

၉၉။ စကြဝတေး၊ ရှေးမင်းတို့ဝယ်၊ ဂုဏ်ကြွယ်ခိုင်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာသို့၊ သည်းချာစုရုံး၊ ဘနှလုံးကို၊ ယူကျုံးသော့ထွေ၊ ချမ်းသာစေလျက်၊ ညွန့်ဝေသီရိ၊ ဘုန်းစရှိသည့်၊ ဘကြီးရင်နှစ်၊ ဥပရာဇ်။ ၊ ကြင်ချစ်မပြား၊ မောင့်မြောက်သားနှင့်၊ သည်းကြားရတနာ၊ ပုဏ္ဏမာကို၊ အရာကိစ္စ၊ ရှိသမျှပင်၊ ကြောင့်ကြသမ်းညှိုး၊ မောင်မစိုးနှင့်၊ သူ့မိုးသူ့မြေ၊ သူ့တိုင်းခြေသို့၊ ရောက်လေသောခါ၊ ဖျားနာမထောင်၊ ချမ်းသာကြောင်းကို၊ နန်းလောင်းမောင်ပု၊ သတိပြုလော့၊ များထုအရာ၊ စစ်ရေးမှာကား၊ ကြေညာပေါက်ပြ၊ မောင်ချီကလျှင်၊ ထွန်းပမိုးသောက်၊ နေရောင်ကျောက်သော်၊ နှင်းပေါက်လွင့်လေ၊ ခြောက်သွေ့ပြေသို့၊ ဝိုက်ခွေထောက်ထောက်၊ ရန်မျိုးပျောက်၍၊ လွင့်ချောက်ပြစ်ပြစ်၊ စင်မည်ဖြစ်ကို၊ စင်စစ်နေကျ၊ ငါသိလှပြီ၊ သည်ကချီလျှင်၊ စစ်လမ်းတွင်မူ၊ ငြိုငြင်ရှားပါး၊ ဆင်းရဲသားတို့၊ ခမ်းနားဥစ္စာ၊ သုံးဆောင်ရာကို၊ ဘွေရှာနှိပ်စက်၊ ဟင်းရွက်တချပ်၊ စောင့်ကြပ်ကာဆီး၊ သစ်သီးတလုံး၊ ဆောင်သုံးစွဲရ၊ ဝါး တစမျှ၊ စိတ်က မကြည်၊ မပေးသည်ကို၊ ခေါင်းတည်ကြီးမ၊ တပ်မှူးစသည်၊ များလှတသွန်၊ မောင့်ကျွန်တော်မျိုး၊ လူဆိုးလူကောင်း၊ သိန်း, သောင်းဝမ်းလျား၊ ရဲမက်များသို့၊ လျှပ်စား−သောက်စား၊ ပိုင်ကားနိုင်ထက်၊ လုယက်သမျှ၊ မပြုရအောင်၊ မောင်မြစ်တားပါသည်၊ သည်အရာသည်။ ။ ကြီးစွာပြည်ရေးမှုဝန်တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း