သူဇာပျို့

သူဇာပျို့

၉၈။ ယင်းသို့းသာပျော်၊ မယ်တော်ဘုန်းထူ၊ မိန့်တော်မူသော်၊ ဇမ္ဗူစွဲရည်၊ လျှောက်ပြန်မည်ကား၊ ဖြီးစည်ဂုဏ်အင်၊ ကျေးဇူးတင်သည်၊ ဆွတ်ကြည်မြတ်လေး၊ မိဘုန်းမွှေး၊ စစ်ရေးမက်ရာ၊ စစ်မှုမှာကို၊ ထွတ်ချာရွှေစိတ်၊ ဆံဆယ်စိတ်မျှ၊ လန့်ထိပ်ရွံ့ရှာ၊ မစိုးပါနှင့်၊ သီတာပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ကြငှန်းထီးဆောင်း၊ မင်းအပေါင်းတို့၊ ဦးခေါင်းစူဠာ၊ မြတ်အင်္ဂါကို၊ မကြာမယူ၊ နေ့ချင်းယူ၍၊ လွယ်ကူသာပျော်၊ ဆက်မိန့်သော်လည်း၊ ဘုန်းတော်ရိပ်သာ၊ ထိပ်ထပ်ကာလျက်၊ မကြာရက်ရက်၊ ကျွန်တော်ဆက်မည်၊ နှောင့်ရှက်စွန်းငြိ၊ စိုးတစိမျှ၊ မရှိစေဘူး၊ အံ့ရာကျူးစိမ့်၊ ကိုယ်ထူးရှိလှာ၊ ကိုးရာမရ၊ ကျွန်တော်မနှင့်၊ နေကြမျက်ဖျော်၊ ရှုတိုင်းပျော်သည်၊ ကျွန်တော်ရတနာ၊ ငယ်ကိုသာလျှင်၊ ထွတ်ချာဘုန်းမော်၊ မိန့်တော်မြတ်တိုင်း၊ ထုံးဝိုင်းမသွေ၊ မြဲနေသေချာ၊ သနားပါဟု၊ ထပ်ကာဆင့်လှောက်၊ ကျိုးနွံလျှောက်မှ၊ ရွှေမှောက်ဒိဗ္ဗ၊ ရာဇိန္ဒနှင့်၊ ဦးချကော်ရော်၊ ညွတ်ပူဇော်သည်၊ သာပျော်စိတ်ကြည်၊ သွားခွင့်ရည်သော်၊ ဘုန်းစည်တောက်ပ၊ မွေးဘရန်နင်း၊ မိန့်သံညင်းသည်။ ။ ကြိုင်သင်းမဉ္ဇူအဟန်တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း