သူဇာပျို့
၉၇။ ရတနာစု၊ မြေးမောင်ပုကို၊ ပျိုလုမတတ်၊ အသက်ပြတ်မျှ၊
အထွတ်လူတွင်၊ မောင့်ဘခင်နှင့်၊ မ−ရှင်ကစ၊ တကွရိပ်မြုံ၊ ရွှေဘုံနန်းလုံး၊ စုရုံးညီညာ၊
မေတ္တာကြီးအင်၊ ချစ်စဉ်ပင်ကို၊ ကြင်ကြင်နာနာ၊ အရာမည်မျှ၊ မလစ်ရအောင်၊ မ စ
သိမ်းချုပ်၊ ပိုက်ထုတ်အုပ်ပါ၊ မှာရာမှာလည်း၊ ဘွေရှာကြောင့်ကြ၊ ဖြစ်လွန်းလှ၏၊
တွေးဆသင်္ကာ၊ သည့်နှယ်မှာကို၊ ဆ့လွှာမြူမျှ၊ မကြောင့်ကြနှင့်၊ တကွတူရှိ၊
မောင်ဟိသည်ထက်၊ ဖျော်ဖြည်သာဖြူး၊ သစ်သစ်ထူး၍၊ အကျူးလွန်စွာ၊ ချစ်မည်သာလျှင်၊
နန်းလျာရည်သွား၊ မိထိပ်ထားသည်၊ ရင်သားသည်းချာ၊ မောင်မှတ်ပါတော့၊ စစ်ရာမက်ရေး၊
ရှုပ်ထွေးလုံခြုံ၊ မှုမျိုးကုံသည်၊ ရွှေဘုံသိင်္ဂီ၊ စံနန်းမက၊ အမှအရှင်၊
မြှော်လျက်ပင်လျှင်၊ မဝင်စားသောက်၊ အိပ်နေဘောက်မျှ၊ ညှိုးခေါက်မူသည်၊ ရွှမ်းမျက်ရည်နှင့်၊
မတည်ရှိုက်လွမ်း၊ လှိုက်သည့်ဝမ်းကို၊ သာချမ်းရေ့နှယ်၊ ငြိမ်းသက်လွယ်အောင်၊
မှတ်ရွယ်နေကြ၊ လုံ့လပြုပါ၊ မိသည်းချာသည်၊ ရေးရာကုန်စင်၊ ပြီးအောင်မြင်၍၊
ပြန်လျင်သဖြင့်၊ ခါမြင့်ရှည်ကျော်၊ ဘုန်းတော်ကြီးအင်၊ ဘနတ်ရှင်ကို၊
တိုင်းခွင်ကြေညာ၊ လူချမ်းသာနှင့်၊ ညွန့်ဖြာသားချစ်၊ မြေး, မြစ်နောက်နောင်၊
ဆက်ထွန်းအောင်ကို၊ ဆောင်နိုင်ပါစေ၊ လျှံဝေတောက်ပြုန်း၊ မိသက်နှုန်းသည်။ ။ ရွှေဘုန်းတစညွန့်သန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment