အနက်ဆန့်ကျင်စကားလုံးများ(၂)
အနက်ဆန့်ကျင်စကားလုံးများ(၂ )
“ဘဘ ကြီးတာနဲ့ငယ်တာလည်း အနက်ချင်းဆန့်ကျင်ဘက်ပဲ မဟုတ်လား”
“အေး ဘဘအခုဆက်ပြောမှာ အဲဒီလိုစကားလုံးတွေအကြောင်း ပဲ။ သမီးခုပြောတဲ့ ‘ ကြီးတာ’ နဲ့ ‘ငယ်တာ’က စောစောကပြောခဲ့ကြတဲ့ ‘သေတာ’ နဲ့ ‘ရှင်တာ’ ကို ဆန့်ကျင်ဘက်မျိုးနဲ့ သဘောချင်းမတူဘူးကွဲ့”
“ဘယ်လိုမတူတာပါလဲ ဘဘ”
“သေတာနဲ့ရှင်တာက နယ်ပြတ်ပြီးသားလေ။ သေရင်မရှင်ဘူး၊ ရှင်ရင်မသေဘူး မဟုတ်လား။ အဲ.. ကြီးတာနဲ့ ငယ်တာကျတော့ နယ်မပြတ်ဘူး။ ကြားထဲမှာ အဆင့်တွေရှိနိုင်သေးတယ်လေ။ သမီးစဉ်းစားမိသလား”
“အင်း... ပြောပြပါ ဘဘ။ သမီးစဉ်းစားလို့မရပါဘူး”
“ကဲ....ဘဘ ဥပမာပေးမယ်။ ညီအစ်ကိုမောင်နှမ သုံးယောက်ရှိတယ် ဆိုပါတော့။
အကြီးရယ် အငယ်ရယ်....”
“ဟာ... သမီးသိပြီ ဘဘ၊ အကြီးနဲ့အငယ်ကြားကလူကို အလတ်လို့ခေါ်တယ်မဟုတ်လား”
“အေးပေါ့။ အကြီးနဲ့ အငယ်ကြားမှာ အလတ်ရှိတယ်။ အဲဒီလိုပဲ ‘ပူ’ နဲ့ ‘အေး’ ကြားမှာ ‘နွေး’ ရှိတယ်။ ‘ကောင်း’ နဲ့ ‘ညံ့’ ကြားမှာ ‘သင့်’ ရှိတယ်။ အဲဒီလိုကြားမှာ အရည်အသွေး အဆင့်ဆင့်ရှိနိုင်တယ်ကွဲ့”
“အရည်အသွေးအဆင့်ဆင့်ဆိုတာ ရှင်းပြပါဦး ဘဘ”
“ဪ....’ကောင်း’ နဲ့ ‘ညံ့’ ကြားမှာ ‘သင့်’က အလယ်မှာရှိတယ် ထားပါတော့။ ဒါပေမယ့် အကောင်းဘက် နီးတဲ့အဆင့်တွေ အမျိုးမျိုးရှိနိုင်သလို အညံ့ဘက်နီးတဲ့ အဆင့်တွေလည်း အမျိုးမျိုးရှိနိုင်တယ်လေ။ မြင်သာ အောင်ပြောရရင် စာမေးပွဲဖြေရာမှာ အမှတ် ၁၀၀ အပြည့်ရတဲ့သူနဲ့ ၁ မှတ်ပဲရတဲ့သူကြားမှာ အမှတ် ၅၀ ရတဲ့သူက အလယ်အလတ်မို့ ‘သင့်’ လို့သတ်မှတ်နိုင်တာပေါ့။ ၁ နဲ့ ၁၀၀ ကြားမှာတော့ အဆင့်တွေအများကြီး ကွဲနိုင်တယ်မဟုတ်လား”
“နားလည်ပါပြီ ဘဘ”
“ဒါကြောင့် အဲဒီလိုစကားလုံးတွေကို သုံးတဲ့အခါ နှိုင်းယှဉ်ပြီး သုံးလို့ရတယ် သမီးရဲ့။ ဒီဟာက ဟိုဟာထက် ပိုကောင်းတယ်၊ ဟိုမြို့က ဒီမြို့ထက် ပိုဝေးတယ်ဆိုတာမျိုးပေါ့။ အရင်ပြောခဲ့တဲ့ အနက်ဆန့်ကျင်စကားမျိုးမှာ
‘မသေမရှင်’ဆိုတာ တကယ်မဟုတ်ပေမယ့် ခုပြောတဲ့ အနက်ဆန့်ကျင်မျိုးမှာတော့ ‘မကြီးမသေး’ တို့ ‘မနီးမဝေး’ တို့ဆိုတာ အလယ်အလတ်အခြေအနေတွေကို တကယ်ခေါ်တဲ့စကားတွေပဲကွဲ့”
“ဟုတ်တယ်နော် ဘဘ”
“ဘဘတို့ မြန်မာစကားမှာ အဲဒီလို အလယ်အလတ်အခြေအနေတွေကို ခေါ်ဖို့ သီးသန့်စကားလုံးတွေ ရှိတော့ရှိတယ်။ ‘နွေး’ တို့ ‘လတ်’ တို့လိုပေါ့။ များသောအားဖြင့်တော့ သီးသန့်စကားလုံးသိပ်မရှိဘူး ။
ဒါပေမယ့် ခုနပြောသလို မနီးမဝေး၊ မနိမ့်မမြင့်၊ မတိုမရှည်၊ မပိန်မ၀ဆိုပြီး
‘မ’နှစ်လုံးတွဲသုံးတဲ့ စကားလုံးမျိုးတွေ အလွယ်တကူသုံးနိုင်တယ်ကွဲ့”
“ဟုတ်ကဲ့ပါ”
“ပြီးတော့ အဲဒီလိုစကားလုံးမျိုးတွေက နှစ်ခုနှိုင်းယှဉ်တဲ့သဘောမို့  တစ်လုံးတည်း မနှိုင်းယှဉ်ဘဲသုံးလို့ အဓိပ္ပာယ်မပေါ်ဘူးကွဲ့”
“ရှင်းပြပါ ဘဘ”
“ဆိုပါစို့ကွယ်”၊ တစ်ရာဆိုတဲ့ အရေအတွက်ဟာ များသလား၊ နည်းသလားလို့မေးရင် သမီး ဘယ်လိုဖြေမလဲ”
“ဟင်....ဪ....သမီးသိပြီ။ တစ်ရာက နှစ်ရာနဲ့ ယှဉ်ရင်တော့ နည်းတာပေါ့။ ငါးဆယ်နဲ့ ယှဉ်ရင်တော့ များတာပေါ့။ ဟုတ်တယ် မဟုတ်လား ဘဘ”
“အေး....သမီးတော်တယ်။ သူ့ထက်များတာနဲ့ယှဉ်ရင် နည်းတယ်လို့ခေါ်ရမှာပေါ့။ သူ့ထက်များတာနဲ့ ယှဉ်ရင်တော့ နည်းတယ်လို့ခေါ်ရမှာပေါ့ကွယ် ”
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ တိုတာနဲ့ ရှည်တာ၊ နိမ့်တာနဲ့မြင့်တာ၊ နီးတာနဲ့ဝေးတာဆိုတာတွေကိုလည်း အဲဒီလိုနှစ်ခုယှဉ်ပြောမှ အဓိပ္ပာယ်ပေါ်မှာပေါ့ကွယ်”
“မှတ်ထားပါ့မယ် ဘဘ”
“နောက် ပြောဖို့ရှိသေးတယ်။ အဲဒီလိုစကားလုံးတွေသုံးတဲ့အ ခါ စံတစ်ခုခုကို မူတည်ပြီးရည်ညွှန်းရတယ်ကွဲ့။
ဒါမှ အဓိပ္ပာယ်ရှိမယ်။ ခုနစကားကိုပဲ ပြန်ကောက်ရအောင်။ လူတစ်ရာဆိုတာ
များသလား၊ နည်းသလားဆိုတာ ပြောရင် ဘယ်နေရာမှာရှိတဲ့ လူတစ်ရာလဲဆိုတာမျိုး
မူတည်ပြောမှ အဓိပ္ပာယ် ရှိမှာပေါ့။ ကဲကွယ်....လူတစ်ရာ ဟာ သမီးတို့အိမ်ကို
တစ်နေ့တည်းမှာ လာလည်တဲ့ဧည့်သည် အရေအတွက်ဆိုရင် များသလား၊ နည်းသလား”
“ဟာ....များတာပေါ့ ဘဘ”
“အဲ...လူတစ်ရာဟာ ဘောလုံးကွင်းကြီးထဲမှာ ဘောလုံးပွဲကြည့်တဲ့ ပရိသတ်ဆိုရင်ကော”
“နည်းတာပေါ့။ ဘယ်ကွင်းပြည့်မလဲ”
“အဲဒီတော့ ဘယ်စံနဲ့တိုင်းတာလဲဆိုတာ ထည့်စဉ်းစားရမှာပေါ့ကွယ်။ သမီးစဉ်းစားကြည့်လေ။ ရန်ကုန်နဲ့ မြစ်ကြီးနားကို ဝေးတယ်လို့ပြောတယ် မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“ကဲ...မြစ်ကြီးနားထက်ပိုဝေး တဲ့ တရုတ်ပြည်ကျတော့ အိမ်နီးချင်းနိုင်ငံတဲ့။ မြန်မာပြည်နဲ့ တရုတ်ပြည်နီးတယ်တဲ့။ ပြောပြန်ရော”
“ဟုတ်တယ်နော် ဘဘ”
“ဒီတော့ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲလို့ စဉ်းစားကြည်ရင်း ‘ဝေးတယ်ဆိုတာက ကိုယ့်တိုင်းပြည်အတွင်းဆိုတဲ့ စံနဲ့တိုင်းပြီးပြောတာ’ ‘နီးတယ်ဆိုတာက တိုင်းပြည်
တစ်ပြည်နဲ့ တစ်ပြည်ဆိုတဲ့ စံနဲ့တိုင်းပြီးပြောတာ’ မဟုတ်လားကွယ် ”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီလိုပဲ ‘တစ်ပေ’ ဆိုတဲ့ပမာဏက အပ်တစ်ချောင်းကိုပြောရင် အရှည်ကြီးပေါ့။ ကြိုးတစ်ချောင်းဆိုရင်တော့ တိုတိုလေးပေါ့။ ပြီးတော့ ကြီးတယ်ဆိုတာလည်း ဆင်ကိုဆိုလိုရင်တစ်မျိုး၊ ကြွက်ကို ဆိုလိုရင် တစ်မျိုးပေါ့ ကွယ်”
“ဟုတ်တယ်နော် ဘဘ။ အကြီးဆုံးကြွက်ကြီးတောင် ဆင်ပေါက်စလေးနဲ့ ယှဉ်ရင်သေးသေးလေးနေမှာပဲလေ”
“သမီးသဘောပေါက်ပြီမဟုတ်လား။
နောက်တစ်ခုက အဲဒီလိုတိုရှည်၊ နိမ့်မြင့်၊ နီးဝေးစတဲ့ စကားလုံးတွေကို
သုံးတဲ့အခါ နှစ်လုံးတွဲထဲက တစ်လုံးကိုပဲ ပင်တိုင်ထားပြီးသုံးလေ့ရှိတ ယ်ကွဲ့”
“ဟုတ်ကဲ့ပါ”
“ကဲ...’တို’ နဲ့ ‘ရှည်’ ဆိုပါတော့။ ‘မင်းအရပ် ဘယ်လောက်ရှည်သလဲ’ လို့ပဲမေးလေ့ရှိတယ်။ ‘မင်းအရပ် ဘယ်လောက်တိုသလဲ’ လို့ မေးလေ့မရှိဘူးမဟုတ်လား။ ပြန်ဖြေတဲ့သူက လူပုကလေးဖြစ်နေရင်လည်း ‘ကျွန်တော့်အရပ် သုံးပေပဲရှည်ပါတယ်’ လို့ ပြန်ဖြေတယ်။ ‘သုံးပေပဲတိုပါတယ်’ လို့ မဖြေဘူးလေ”
“ဟုတ်တယ်နော် ဘဘ”
“ဒီတော့ ‘ရှည်’ နဲ့ ‘တို’ မှာ ‘ရှည်’ ကို ပင်တိုင်ထားပြီးသုံးတယ်။ ဒါပေမယ့် မင်းအရပ် ဘယ်လောက်ရှည်သလဲဆိုရာမှာ ‘ရှည်’ ဟာ တကယ်ရှည်တဲ့အဓိပ္ပာယ် မဟုတ်ဘူးလေ။ မင်းအရပ် ဘယ်လောက်ရှိသလဲလို့အတိုင်းအ တာကိုဆိုလိုတဲ့အဓိပ္ပာယ်ပဲ။ ‘ကျွန်တော့်အရပ် သုံးပေပဲရှည်တယ်’ လို့ ပြောတာဟာလည်း တကယ်ရှည်တဲ့အဓိပ္ပာယ်မဟုတ်ဘူးလေ။ သုံးပေပဲရှိတယ်လို့ ပမာဏကိုပြောတာလေ”
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ ‘ဒီအခန်းဘယ်လောက်ကျယ်သလဲ’ လို့ပဲ မေးလေ့ရှိတယ်။ ဘယ်လောက်ကျဉ်းသလဲလို့ မေးလေ့ မရှိဘူး။ ဖြေတဲ့သူကလည်း ‘ပေတစ်ရာပတ်လည်ကျယ်တယ်’ လို့ ဖြေချင်ဖြေမယ်။ ‘ဆယ်ပေပတ်လည်ပဲ ကျယ်တယ်’ လို့ ဖြေချင်ဖြေမယ်။ အဲဒီမှာ ‘ကျယ်’ဆိုတာက တကယ်ကျယ်တဲ့ အဓိပ္ပာယ်မဟုတ်တဲ့ အတိုင်းအတာပမာဏကိုပဲ ဆိုလိုတာလေ”
“ဘဘ သမီးသူငယ်ချင်းက ‘နင့်ဦးလေးအိမ်က တို့အိမ်နဲ့ ဘယ်လောက်ဝေးသလဲ’ လို့မေးတော့ သမီးက ‘နီးနီးလေးပါဟယ်’ ငါးမိနစ်လောက်လမ်း လျှောက်သွားရင်ရောက်ရော’ လို့ခုနပဲဖြေခဲ့သေးတယ်။ သူမေးတဲ့ ‘ဘယ်လောက်ဝေးသလဲ’ ဆိုတာ တကယ်ဝေးတဲ့အဓိပ္ပာယ် မဟုတ်ဘူးနော်”
“ဒါပေါ့ကွယ် အဲ...ဒါပေမယ့် အဲဒီနှစ်လုံးတွဲထဲက ပင်တိုင်မသုံးတဲ့ နောက်တစ်လုံးကိုသုံးရင်တော့
တကယ့်အဓိပ္ပာယ်နဲ့ သုံးလေ့ရှိတယ်ကွဲ့။ ဆိုပါတော့ကွယ်။ ‘ဒီအခန်းက
ဘယ်လောက်ကျဉ်းသလဲဆိုရင်’ လို့ တစ်ယောက်ယောက်ကပြောရင် တကယ်ကျဉ်းလို့
စိတ်ထဲမှာ သိပ်ဘဝင်မကျလို့ပြောတဲ့ အဓိပ္ပာယ်ပေါ့”
“တစ်ယောက်ကလည်း ‘ဟုတ်တယ်’ တော်တော်ကျဉ်းတယ်၊ ဆယ်ပေပတ်လည်ပဲ ရှိတယ်လို့ ပြောရင် တကယ်ကျဉ်းတာကိုပြောတာပဲပေါ့ ကွယ်”
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ ‘နီး’ တို့ ‘တို’ တို့၊ ‘သေး’ တို့ ‘နိမ့်’ တို့ကိုလည်း တကယ့်အဓိပ္ပာယ်နဲ့ပဲ အသုံးများကြတယ်။ ‘မင်းအဒေါ်အိမ်က ဘယ်လောက်နိမ့်သလဲဆိုရင် အရပ်ရှည်တဲ့လူဆိုရင် ခေါင်းငုံ့ပြီးဝင်ရတယ်’ လို့ ပြောတာမျိုး ပေါ့”
“ဟုတ်ကဲ့ပါ ဘဘ”
“ ခုပြောတာက အများစုကိုပြောတာပါ။ အဲဒီလို တစ်လုံးကိုပဲ ပင်တိုင်သုံးတာမျိုးမဟုတ်တဲ့ 
စကားလုံးတွေလည်း ရှိတာပေါ့။ ‘ပူ’ နဲ့ ‘အေး’ ဆိုပါတော့။ ‘ဘယ်လောက်ပူသလဲ’
‘ဘယ်လောက်အေးသလဲ’ ဆိုတာတွေက တကယ် ပူတာ၊ အေးတာကို ဆိုလိုတာလေ။ နှစ်လုံးစလုံး
သူ့နေရာနဲ့သူ သုံးကြတာပေါ့ကွယ်။ ကဲ....ပြောစရာ နည်းနည်းကျန်တာ
နောက်တစ်ကြိမ်ဆက်ကြတာပေါ့”
“ကျေးဇူးတင်ပါတယ် ဘဘ”
မောင်ခင်မင် (ဓနုဖြူ)
“ဘဘ ကြီးတာနဲ့ငယ်တာလည်း အနက်ချင်းဆန့်ကျင်ဘက်ပဲ မဟုတ်လား”
“အေး ဘဘအခုဆက်ပြောမှာ အဲဒီလိုစကားလုံးတွေအကြောင်း
“ဘယ်လိုမတူတာပါလဲ ဘဘ”
“သေတာနဲ့ရှင်တာက နယ်ပြတ်ပြီးသားလေ။ သေရင်မရှင်ဘူး၊ ရှင်ရင်မသေဘူး မဟုတ်လား။ အဲ.. ကြီးတာနဲ့ ငယ်တာကျတော့ နယ်မပြတ်ဘူး။ ကြားထဲမှာ အဆင့်တွေရှိနိုင်သေးတယ်လေ။ သမီးစဉ်းစားမိသလား”
“အင်း... ပြောပြပါ ဘဘ။ သမီးစဉ်းစားလို့မရပါဘူး”
“ကဲ....ဘဘ ဥပမာပေးမယ်။ ညီအစ်ကိုမောင်နှမ သုံးယောက်ရှိတယ် ဆိုပါတော့။
အကြီးရယ် အငယ်ရယ်....”
“ဟာ... သမီးသိပြီ ဘဘ၊ အကြီးနဲ့အငယ်ကြားကလူကို အလတ်လို့ခေါ်တယ်မဟုတ်လား”
“အေးပေါ့။ အကြီးနဲ့ အငယ်ကြားမှာ အလတ်ရှိတယ်။ အဲဒီလိုပဲ ‘ပူ’ နဲ့ ‘အေး’ ကြားမှာ ‘နွေး’ ရှိတယ်။ ‘ကောင်း’ နဲ့ ‘ညံ့’ ကြားမှာ ‘သင့်’ ရှိတယ်။ အဲဒီလိုကြားမှာ အရည်အသွေး အဆင့်ဆင့်ရှိနိုင်တယ်ကွဲ့”
“အရည်အသွေးအဆင့်ဆင့်ဆိုတာ ရှင်းပြပါဦး ဘဘ”
“ဪ....’ကောင်း’ နဲ့ ‘ညံ့’ ကြားမှာ ‘သင့်’က အလယ်မှာရှိတယ် ထားပါတော့။ ဒါပေမယ့် အကောင်းဘက် နီးတဲ့အဆင့်တွေ အမျိုးမျိုးရှိနိုင်သလို အညံ့ဘက်နီးတဲ့ အဆင့်တွေလည်း အမျိုးမျိုးရှိနိုင်တယ်လေ။ မြင်သာ အောင်ပြောရရင် စာမေးပွဲဖြေရာမှာ အမှတ် ၁၀၀ အပြည့်ရတဲ့သူနဲ့ ၁ မှတ်ပဲရတဲ့သူကြားမှာ အမှတ် ၅၀ ရတဲ့သူက အလယ်အလတ်မို့ ‘သင့်’ လို့သတ်မှတ်နိုင်တာပေါ့။ ၁ နဲ့ ၁၀၀ ကြားမှာတော့ အဆင့်တွေအများကြီး ကွဲနိုင်တယ်မဟုတ်လား”
“နားလည်ပါပြီ ဘဘ”
“ဒါကြောင့် အဲဒီလိုစကားလုံးတွေကို သုံးတဲ့အခါ နှိုင်းယှဉ်ပြီး သုံးလို့ရတယ် သမီးရဲ့။ ဒီဟာက ဟိုဟာထက် ပိုကောင်းတယ်၊ ဟိုမြို့က ဒီမြို့ထက် ပိုဝေးတယ်ဆိုတာမျိုးပေါ့။ အရင်ပြောခဲ့တဲ့ အနက်ဆန့်ကျင်စကားမျိုးမှာ
‘မသေမရှင်’ဆိုတာ တကယ်မဟုတ်ပေမယ့် ခုပြောတဲ့ အနက်ဆန့်ကျင်မျိုးမှာတော့ ‘မကြီးမသေး’ တို့ ‘မနီးမဝေး’ တို့ဆိုတာ အလယ်အလတ်အခြေအနေတွေကို တကယ်ခေါ်တဲ့စကားတွေပဲကွဲ့”
“ဟုတ်တယ်နော် ဘဘ”
“ဘဘတို့ မြန်မာစကားမှာ အဲဒီလို အလယ်အလတ်အခြေအနေတွေကို ခေါ်ဖို့ သီးသန့်စကားလုံးတွေ ရှိတော့ရှိတယ်။ ‘နွေး’ တို့ ‘လတ်’ တို့လိုပေါ့။ များသောအားဖြင့်တော့ သီးသန့်စကားလုံးသိပ်မရှိဘူး
“ဟုတ်ကဲ့ပါ”
“ပြီးတော့ အဲဒီလိုစကားလုံးမျိုးတွေက နှစ်ခုနှိုင်းယှဉ်တဲ့သဘောမို
“ရှင်းပြပါ ဘဘ”
“ဆိုပါစို့ကွယ်”၊ တစ်ရာဆိုတဲ့ အရေအတွက်ဟာ များသလား၊ နည်းသလားလို့မေးရင် သမီး ဘယ်လိုဖြေမလဲ”
“ဟင်....ဪ....သမီးသိပြီ။ တစ်ရာက နှစ်ရာနဲ့ ယှဉ်ရင်တော့ နည်းတာပေါ့။ ငါးဆယ်နဲ့ ယှဉ်ရင်တော့ များတာပေါ့။ ဟုတ်တယ် မဟုတ်လား ဘဘ”
“အေး....သမီးတော်တယ်။ သူ့ထက်များတာနဲ့ယှဉ်ရင် နည်းတယ်လို့ခေါ်ရမှာပေါ့။ သူ့ထက်များတာနဲ့ ယှဉ်ရင်တော့ နည်းတယ်လို့ခေါ်ရမှာပေါ့ကွယ်
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ တိုတာနဲ့ ရှည်တာ၊ နိမ့်တာနဲ့မြင့်တာ၊ နီးတာနဲ့ဝေးတာဆိုတာတွေကိုလည
“မှတ်ထားပါ့မယ် ဘဘ”
“နောက် ပြောဖို့ရှိသေးတယ်။ အဲဒီလိုစကားလုံးတွေသုံးတဲ့အ
“ဟာ....များတာပေါ့ ဘဘ”
“အဲ...လူတစ်ရာဟာ ဘောလုံးကွင်းကြီးထဲမှာ ဘောလုံးပွဲကြည့်တဲ့ ပရိသတ်ဆိုရင်ကော”
“နည်းတာပေါ့။ ဘယ်ကွင်းပြည့်မလဲ”
“အဲဒီတော့ ဘယ်စံနဲ့တိုင်းတာလဲဆိုတာ ထည့်စဉ်းစားရမှာပေါ့ကွယ်။ သမီးစဉ်းစားကြည့်လေ။ ရန်ကုန်နဲ့ မြစ်ကြီးနားကို ဝေးတယ်လို့ပြောတယ် မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“ကဲ...မြစ်ကြီးနားထက်ပိုဝေး
“ဟုတ်တယ်နော် ဘဘ”
“ဒီတော့ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲလို့ စဉ်းစားကြည်ရင်း ‘ဝေးတယ်ဆိုတာက ကိုယ့်တိုင်းပြည်အတွင်းဆိုတ
တစ်ပြည်နဲ့ တစ်ပြည်ဆိုတဲ့ စံနဲ့တိုင်းပြီးပြောတာ’ မဟုတ်လားကွယ် ”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီလိုပဲ ‘တစ်ပေ’ ဆိုတဲ့ပမာဏက အပ်တစ်ချောင်းကိုပြောရင် အရှည်ကြီးပေါ့။ ကြိုးတစ်ချောင်းဆိုရင်တော့ တိုတိုလေးပေါ့။ ပြီးတော့ ကြီးတယ်ဆိုတာလည်း ဆင်ကိုဆိုလိုရင်တစ်မျိုး၊ ကြွက်ကို ဆိုလိုရင် တစ်မျိုးပေါ့ ကွယ်”
“ဟုတ်တယ်နော် ဘဘ။ အကြီးဆုံးကြွက်ကြီးတောင် ဆင်ပေါက်စလေးနဲ့ ယှဉ်ရင်သေးသေးလေးနေမှာပဲလေ”
“သမီးသဘောပေါက်ပြီမဟုတ်လား။
“ဟုတ်ကဲ့ပါ”
“ကဲ...’တို’ နဲ့ ‘ရှည်’ ဆိုပါတော့။ ‘မင်းအရပ် ဘယ်လောက်ရှည်သလဲ’ လို့ပဲမေးလေ့ရှိတယ်။ ‘မင်းအရပ် ဘယ်လောက်တိုသလဲ’ လို့ မေးလေ့မရှိဘူးမဟုတ်လား။ ပြန်ဖြေတဲ့သူက လူပုကလေးဖြစ်နေရင်လည်း ‘ကျွန်တော့်အရပ် သုံးပေပဲရှည်ပါတယ်’ လို့ ပြန်ဖြေတယ်။ ‘သုံးပေပဲတိုပါတယ်’ လို့ မဖြေဘူးလေ”
“ဟုတ်တယ်နော် ဘဘ”
“ဒီတော့ ‘ရှည်’ နဲ့ ‘တို’ မှာ ‘ရှည်’ ကို ပင်တိုင်ထားပြီးသုံးတယ်။ ဒါပေမယ့် မင်းအရပ် ဘယ်လောက်ရှည်သလဲဆိုရာမှာ ‘ရှည်’ ဟာ တကယ်ရှည်တဲ့အဓိပ္ပာယ် မဟုတ်ဘူးလေ။ မင်းအရပ် ဘယ်လောက်ရှိသလဲလို့အတိုင်းအ
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ ‘ဒီအခန်းဘယ်လောက်ကျယ်သလဲ’ လို့ပဲ မေးလေ့ရှိတယ်။ ဘယ်လောက်ကျဉ်းသလဲလို့ မေးလေ့ မရှိဘူး။ ဖြေတဲ့သူကလည်း ‘ပေတစ်ရာပတ်လည်ကျယ်တယ်’ လို့ ဖြေချင်ဖြေမယ်။ ‘ဆယ်ပေပတ်လည်ပဲ ကျယ်တယ်’ လို့ ဖြေချင်ဖြေမယ်။ အဲဒီမှာ ‘ကျယ်’ဆိုတာက တကယ်ကျယ်တဲ့ အဓိပ္ပာယ်မဟုတ်တဲ့ အတိုင်းအတာပမာဏကိုပဲ ဆိုလိုတာလေ”
“ဘဘ သမီးသူငယ်ချင်းက ‘နင့်ဦးလေးအိမ်က တို့အိမ်နဲ့ ဘယ်လောက်ဝေးသလဲ’ လို့မေးတော့ သမီးက ‘နီးနီးလေးပါဟယ်’ ငါးမိနစ်လောက်လမ်း လျှောက်သွားရင်ရောက်ရော’ လို့ခုနပဲဖြေခဲ့သေးတယ်။ သူမေးတဲ့ ‘ဘယ်လောက်ဝေးသလဲ’ ဆိုတာ တကယ်ဝေးတဲ့အဓိပ္ပာယ် မဟုတ်ဘူးနော်”
“ဒါပေါ့ကွယ် အဲ...ဒါပေမယ့် အဲဒီနှစ်လုံးတွဲထဲက ပင်တိုင်မသုံးတဲ့ နောက်တစ်လုံးကိုသုံးရင်တော့
“တစ်ယောက်ကလည်း ‘ဟုတ်တယ်’ တော်တော်ကျဉ်းတယ်၊ ဆယ်ပေပတ်လည်ပဲ ရှိတယ်လို့ ပြောရင် တကယ်ကျဉ်းတာကိုပြောတာပဲပေါ့
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ ‘နီး’ တို့ ‘တို’ တို့၊ ‘သေး’ တို့ ‘နိမ့်’ တို့ကိုလည်း တကယ့်အဓိပ္ပာယ်နဲ့ပဲ အသုံးများကြတယ်။ ‘မင်းအဒေါ်အိမ်က ဘယ်လောက်နိမ့်သလဲဆိုရင် အရပ်ရှည်တဲ့လူဆိုရင် ခေါင်းငုံ့ပြီးဝင်ရတယ်’ လို့ ပြောတာမျိုး ပေါ့”
“ဟုတ်ကဲ့ပါ ဘဘ”
“ ခုပြောတာက အများစုကိုပြောတာပါ။ အဲဒီလို တစ်လုံးကိုပဲ ပင်တိုင်သုံးတာမျိုးမဟုတ်တဲ
“ကျေးဇူးတင်ပါတယ် ဘဘ”
မောင်ခင်မင် (ဓနုဖြူ)
Comments
Post a Comment