မိခင်မုံရွာတက္ကသိုလ်



မိခင်မုံရွာတက္ကသိုလ်

မြတ်ဘုရား ရွှေကူနီ
အရှေ့ဆီ မျှော်ဖူး။
စိတ်ဘဝင် အမြိုက်ပန်းနဲ့
ချမ်းမြ ကြည်နူး။

မြစ်ချင်းတွင်း မြို့အနောက်မှာ
စီးဆင်းကာ ခွေရစ်။
ကိုင်းကျွန်းမြေ စိုက်ပျိုးရေးနဲ့
မွေးဖွား အားသစ်။
မုံရွာမြို့ မြောက်ဘက်မှာ
စိမ်းပြာခေါ် ရေညှိ။
သဘာဝ လက်ဆောင်နှင်းတဲ့
တွင်းတောင်လည်းရှိ။
အတူတွဲ ဖူးရအောင်
ဗောဓိတစ်ထောင် မြတ်ဘုရား။
မြို့တောင်မှာ မျှော်ရည်စူး
ဦးခိုက် ဝပ်တွား။
မြတ်လယ်တီ ကျောက်စာ
စာမဟာ ဖြန့်မိုး။
လေးသစ္စာ မဂ္ဂင်လမ်းကို
ဖြန်းပက်လို့နိုး။
တက္ကသီလာ မြို့မုံရွာ
မိမာတာ ဂုဏ်အင်ထူး။
ပညာပန်း တဝေဝေနဲ့
အလှပန်း တဝေဝေနဲ့
ဖြိုးဝေပွင့်ဖူး။     ။

လက်ပံနီ
မုံရွာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၅-၂၀၁၆။ စာမျက်နှာ(၅၇)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward