သူဇာပျို့
၂၇။ မဖြစ်တောင်းပင်၊ သို့ဖြစ်အင်ကို၊ အရှင်ထိပ်ထား၊ မဘုရားတို့၊
မျက်ဝါးရှေ့ရှူ၊ မြင်တော်မူသော်၊ ဆာပူခွေ့ခွေ့၊ မော၍လှိုက်ပွက်၊ ဝိညာဉ်သက်ပင်၊
ထွက်တော့မည်ပ၊ ခုကိုမျှလည်း၊ မင်းလှခြောက်ယောက်၊ ထံတော်ရောက်၍၊ နှောင်းအောက်မယ်သာ၊
မပါကျန်ရစ်၊ ဖြစ်သည့်ကြောင်းလျား၊ ခြင်းရာများကို၊ ကြားသည်ရှိက၊ မချိဝမ်းဝယ်၊
ပူမျိုးကြွယ်၏၊ ဘယ့်နှယ်ထူးလည်၊ ဖြစ်လိမ့်မည်မျှ၊ ဆောက်တည်ပြီးတိုင်၊
သိနိုင်ပြီဘူး၊ ထိပ်ဦးလည်တင်၊ ဘ-ရှင်ပင်နှင့်၊ မ-ရှင်ဘုရား၊ ထွတ်ထိပ်ထားကို၊
န်များစေ့ရေ၊ အထွေထွေလျှင်၊ ရှာဖွေကြောင့်ကြ၊ လွမ်းလှပါ၏၊ သက်မျှကြင်လေး၊ မ-ရှင်မွှေးသည်၊
ရင်သွေးတူပေါက်၊ ခုနှစ်ယောက်တွင်၊ နှောင်းအောက်မြင့်လှာ၊ မယ့်ကိုသာလျှင်၊
မေတ္တာကြီးအင်၊ ကျူးပြန်ကျင်၍၊ မမြင်ရကာ၊ ခဏကွာက၊ ဖျာဖျာတက်စေ, နန်းလုံးဝေမျှ၊
ရှာဖွေဖျဖျ၊ ခေါ်နေကျကို၊ ရှေးကကြမ္မာ၊ ဝိပါက်ပါ၍၊ တသာဆိုးလှ၊ ကွေကွင်းရသော်၊
ရူတဖျော်ဖြေ၊ ပြေနိုင်မည်လား၊ စုံပြားမြိုင်သာ၊ ဟေမဝါဝယ်၊ တေဇာကြီးထွဝ်၊
တောဆိုးနတ်တို့၊ လေးမြတ်မေတ္တာ၊ ကယ်မပါလော့၊ ဝမ်းမှာလှိုက်လှ၊ သေလှုမျှပင်၊
ကျွန်မ,မတည်၊ လွမ်းမူးလည်သည်။ ။ ဖြေဆည်ဖြည့်တင်း မတံ့လျှင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment