သူဇာပျို့

သူဇာပျို့

၂၉။ ချည့်ချည့်ပျောင်းပျ၊ သွားရှာရ၍၊ အသောကဝန၊ သဏ္ဍတွင်မည်၊ မြိုင်စည်သာမော၊ သာနိုးတောတို့၊ နွဲ့ချောပြင်လျာ၊ လွန်ခဲ့လာသော်၊ အံ့ရာထူးပြား၊ ပတ္တမြားပန်းရည်၊ ဝင်းခြည်ကျူးသော်၊ သင်တိုင်းတော်ဝယ်၊ သင့်လျော်ပန်းကြဲ၊ မကရ်းစွဲသည်၊ တပ်ရွဲရောင်တောက်၊ မြကျောက်ရတနာ၊ ရောင်ပြားလွှာကို၊ အသာလွယ်ကူ၊ ခွာတော်မူမှ၊ သက်တူတမျှ၊ ချစ်ကျူးလှသည်၊ မွေးဘထိပ်တင်၊ မ-ရှင်တကွ၊ မင်းလှခြောက်ဦး၊ သည်ကကျူး၍၊ မူးမူးပျံ့လွင်၊ လိုက်ပါနှင့်ဟု၊ ဘိုးချင့်မရ၊ အနဂ္ဃရတနာ၊ ထိန်ဖြာလျှံတောက်၊ စိန်ကျောက်လက်စွပ်၊ လျှပ်လျှပ်ဝင်းဝါ၊ သက်တင်ပါနှင့်၊ အက္ခရာသေးကွေး၊ လက်တော်ရေး၍၊ ကြိုင်မွှေးပျံ့စွာ၊ နာဂရုက္ခ၊ မည်ရခေါ်တွင်၊ ကံ့ကော်ပင်ဝယ်၊ မြော်မြင်ထင်ရှား၊ ကပ်ထားခဲ့၏၊ တန့်နားဖျော်ဖြေ၊ မနေသာလှ၊ သွားပြန်ရသော်၊ ဇေယျခေါ်မည်၊ ပူရပြည်၏၊ ရံလည်ဝန်းရစ်၊ ကျေးစွန်ဖြစ်သည်၊ အသစ်တည်စ၊ တရုဏဟု၊ ဂါမမည်သာ၊ ငယ်သည့်ရွာသို့၊ ချမ်းသာသဖြင့်၊ မမြင့်နေ့ရေ၊ ဝင်ရောက်လေ၏၊ အုပ်တွေဖြီးထူ၊ ကြည့်ကြသူသည်။ ။ ရှင်လူဝန်းဝန်း လျားလျားတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း