လောကသာရပျို့
လောကသာရပျို့
၂၉။ ခပ်သိမ်းပြည်သူ၊ လူရဟန်းကို၊ သိမ်းမြန်းပိုက်ထုပ်၊
ကြက်သားအုပ်သို့၊ မလှုပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်အပြင်း၊
သနားခြင်းနှင့်၊ နှိပ်နင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလော့၊ ထွန်းပပြောင်ပြောင်၊ ထက်မိုးခေါင်၌၊
အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ၊ ငြိမ်းစေဘိသို့၊ ကြယ်ထိရံကာ၊ တင့်တယ်စွာသား၊
ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်၊ လူများကောင်းချီး ထွန်းစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment