သူဇာပျို့
၃၀။ ရွှေတောင့်သခင်၊ နတ်ရှင်သမီး၊ လျှံညီးထွန်းပ၊ ဟာရီစသည်၊
အစ်မခြောက်ပါး၊ သုံးခြားရံကာ၊ ရွေများမှာလည်း၊ မခွါတည့်ရက်၊ ကမ္ဘာပျက်သို့၊
အုတ်အုတ်ကျံကျံ၊ ငိုသံမတိတ်၊ သောင်းသောင်းထိပ်မျှ၊ ရင်ဆိတ်လက်ထု၊ မြောသေလုလျက်၊
ငဲ့ရှုနောက်ပြန်၊ မျက်စိလွန်သော်၊ ဝေဝှန်ဝင်းဝါ၊ ဟေမာမည်မှတ်၊ ဂီရိဆွတ်သို့၊
မတ်မတ်ဖြောင့်သား၊ ရှေ့ရှူသွား၍၊ လျင်းလျားထုတ်ချောက်၊ ရွှေဘုံရောက်သော်၊
ခြောက်ယောက်ရှေ့မြင်၊ လ-သွင်နှိုင်းပြီ၊ မင်းဟာရီကား၊ မပီရွှေခွန်း၊
ဟိုက်ရှူပန်းလျက်၊ ဆူမွှန်းဗျာပါ၊ ကြောက်စွာပင်ကို၊ ငိုသည်နှင့်ကွ၊ မိနှင့်ဘကား၊
သက်မျှလွန်ကြင်၊ ဘ-ရှင်ပင်နှင့်၊ မ-ရှင်သည်းချာ၊ မင်းသူဇာကို၊ မိစ္ဆာလူမျိုး၊
မူဆိုးတယောက်၊ ကြောက်စချင့်ဘွယ်၊ ချုံ့ကကွယ်၍၊ ရှည်သွယ်ကြော့ကွင်း၊
ကြိုးတစင်းနှင့်၊ လျင်ပြင်းကြော့ပစ်၊ မိလေရစ်ဟု၊ ကြွေးဟစ်သံချို၊ လျှောက်တည့်ဆိုသော်၊
နဂိုရ်ထွတ်တင်၊ ရွှေတောင့်ရှင်နှင့်၊ လွန်ကြင်မေတ္တာ၊ မိမြတ်စွာကား၊
ဟာ-ဆိုသည်နှင့်၊ မြွေဆိပ်သင့်သို့၊ ကဲမြင့်ဖြစ်ဆုံး၊ ကိုယ်လုံးဝှန်ဆူ၊
ပူ၍ရုတ်ခြည်း၊ ကြမ်းဝယ်လည်းလျက်၊ အူသည်းလှိုက်ဝေ၊ မိန်းမောလေ၏၊ အုတ်တွေဖျဖျ၊
ချီမပိုက်လျက်၊ ဆေးဝါးဆက်မှ၊ သတိရသည်။ ။ ထူထဆည့်ဆည် တားတားတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment