သူဇာပျို့
သူဇာပျို့
၆၀။ နန်းလုံးထိပ်မှာ၊ တင်စရာသည်၊ ထိပ်ချာစက်တော်၊ မခေါ်တည့်လေ။ ။
အချစ်မေတ္တာ၊ ထပ်လောင်းကာသည်၊ ရှုရာတို့မျက် ဖျော်တည့်လေ။ ရွှေဘုန်းသမ္ဘာ၊
ညွန့်လူးလာသည်၊ ရတနာတစု၊ မြဆင်းတုနှယ်၊ နုနုညိုညို၊ မစက်လိုလည်း၊ ငိုရဘူးရှင်၊
ရာဇဝင်ဖြင့်၊ သန့်စင်မြတ်ကျော်၊ အကြောင်းတော်ကို၊ ချီငေါ်ဟုတ်လျောက်၊ ရွှေနားလျှောက်မည်၊
မိုမောက်မေတ္တာ၊ ပုံစရာသည်၊။ ထိပ်ချာတည့်ထိပ်ပန်း ထိပ်ထက်တင်၊
ပန်းသွင်သည့်ရည်သွေး၊ နုမွှေးမွှေး။ ။ ဧယာဉ်ချိုယဉ်ပျောင်းနုဧ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment