သူဇာပျို့

သူဇာပျို့

၅၈။ ရတနာစု၊ နုနုနယ်နယ်၊ ပန်းဝတ်နှယ်သို့၊ စိုးလယ်ထိပ်ပေါ်၊ ဘိုးမင်းကျော်နှင့်၊ ဘွားတော်ဘုရား၊ ထွတ်ထားမယ်တော်၊ ရှုပျော်ချစ်စည်း၊ ခမည်းတော်မင်း၊ ဆွေရင်းမျိုးတော်၊ အိမ်တော်နန်းလုံး၊ ချစ်ကုံးသီကြ၊ ချီ-မငတည့်၊ ဒေါသရှောင်ပြစ်၊ ဆယ့်ရှစ်နှစ်သာ၊ ရွယ်သစ်မကြီး၊ မတ်သမီးချည်း၊ နို့လည်းမြိန်ချို၊ ကိုယ်လည်းမလျ၊ လှသည်ပြင်လျာ၊ ဝါးရာကောက်ရွေး၊ နို့ထိန်းပေးသော်၊ ရင်သွေးငါးရာ၊ ဘွားဘက်ပါ၏၊ ရတနာပုခက်၊ တင်မည့်ရက်ဝယ်၊ ပြိုးပြက်ရောင်လူး၊ စိန်ခြူးမြထိတ်၊ ဖိတ်ဖိတ်ရောင်တောက်၊ လက်ကောက်ခြေချင်း၊ ဝင်းဝင်းရောင်ချက်၊ ကျားလက်သည်းပါ၊ လည်မာ-လည်တွင်၊ တန်ဆာဆင်မှ၊ မျက်ရှင်စီခြယ်၊ ပုခက်ဝယ်လည်း၊ ရောင်သွယ်ထွန်းဝေ၊ ကလပ်ခြေနှိုက်၊ မြဲနေစောင့်ဟန်၊ ဂုမ္ဘဏ်ဘီလူး၊ စွယ်ပြူးထူးနှင့်၊ မာန်ရူးနဂါး၊ ခြင်္သေ့ထား၍၊ ဘောက်ကြားကြိုးကြွ၊ အစငေါ်ရှက်၊ ပန်းလှထက်ဝယ်၊ သန်လျက်နတ်သား၊ ထမ်းဟန်ထား၏၊ ပြယားရည်ရှင်၊ တုရင်လေးထောင့်၊ သုံးမြောင့်အုံးထား၊ တုရင်ဖျားဝယ်၊ မြပြားညိုမြိုက်၊ မှန်ကင်းစိုက်၏၊ မြင်းကိုက်အင်းကွက်၊ မျက်နှာကျက်လည်း၊ ပြိုးပြက်ရောင်ဖြာ၊ ကြမ်းမှာခင်းပေ၊ ခြင်္သေ့ရေတွက်၊ ဆယ်ထွေ-ဆယ်ရည်၊ မွေးရှည်ညံ့စွာ၊ ကတ္တီပါတည့်၊ အံ့ရာဘိုးကြိုး၊ ဆယ်ထပ်နှီးသည်။ ။ မငြီးစက်မွေ့ ပျော်ရာတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း