သူဇာပျို့

သူဇာပျို့

၅၉။ လက်ဖွဲ့ချည်မျှင်၊ စီရင်ထူးဆန်း၊ လင်ပန်းချိုးအင်၊ ရည်ရွှင်မြမှုတ်၊ ခွက်ကြုတ်ဖလား၊ ပတ္တမြားရိုးရဲ၊ ရွှေခဲ-ငွေလျက်၊ အမျက်ရတနာ၊ များစွာအနဂ္ဃ၊ အယ-အချီ၊ ပည်းသီထပ်လောင်း၊ သိန်းသောင်းခွန်ရ၊ မြို့ပြ ဆင် မြင်း၊ သင်းပင်းလူစု၊ ကစားမှုလည်း၊ ဝေဠုရိယ၊ ကျောက်ပေါင်းစသည်၊ ပီသရုပ်သွင်၊ ဘန်စီရင်လျက်၊ နန်းပြင်-နန်းတွင်း၊ ဆက်သွင်းလက်ဖွဲ့၊ ထားရာမဲ့မျှ၊ မဟဲ့ကြည့်ရာ၊ ပက်သာကချေ၊ ထွေထွေပွဲလမ်း၊ ပည်းဖြင်မွန်းတိ၊ မင်းခမ်းမင်းမှု၊ မင်းရတုဖြင့်၊ ယဉ်နုစီရင်၊ ပြခက်တင်မှ၊ ရုပ်သွင်နုမျစ်၊ ရင်သိမ်းသစ်ချည်း၊ တရွယ်တည်းလျှင်၊ ဆံစည်းထောင်ထောင်၊ ညိုရောင်ညိညိ၊ နောက်ဆံအိနှင့်၊ ချစ်မိဘွယ်ရာ၊ စဉ်ကာတဖက်၊ နေစေလျက်တည့်၊ ဖြူညက်နုရွ၊ ရွယ်ကမျှပင်၊ ဒက်လှရင်ရစ်၊ နားထွင်းသစ်ချည်း၊ နက်မည်းဆံထုံး၊ တင့်ဆုံးချီချီ၊ နှင်းဆီကြိုင်ကြိုင်၊ ရှက်ဆိုင်ရွရွ၊ အိနောက်စနှင့်၊ ဘယ်ကတရွေ၊ စဉ်နေစေလျက်၊ သံခြေပျောင်းငေါ်၊ သံကြော်ယဉ်ဆုံး၊ ဘွဲ့သီကုံး၍၊ နှလုံးသည်းအူ၊ စိတ်ကိုယူသို့၊ သံတူမယွင်း၊ ကျူးသံညင်းသည်။ ။ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း