သူဇာပျို့

သူဇာပျို့

၆၅။ တတ်ရာဖြင်ပည်း၊ တတ်သည်ချည်းတွင်၊ ကျော်သည်းကျွန်းလုံး ဝန်းမျှလေ။ ။ လေးအတတ်သည်၊ ထူးထွေလည်သည်၊ စံတည်ကြူး၍ လွန်လှလေ။ ။ လျှင်သည်လှပ်လှပ်၊ တပြက်လျှပ်ကို၊ ဆင့်ဟပ်မြားဆက်၊ ခုနှစ်ချက်စင်၊ ရွှေလက်ငင်လွတ်၊ ပစ်မိတတ်လျက်၊ နတ်အပြည်ပြည်၊ နှံ့လည်ဝိုက်ရုတ်၊ သမုဒ္ဒရာ၊ ရေမှာမြေထဲ၊ ငရဲထုတ်ချောက်၊ စေတိုင်းရောက်၍၊ ပတ်လျှောက်ပြည်ထောင်၊ မင်းကုန်အောင်တို့၊ ထိပ်ခေါင်ရွက်ကျုံး၊ ရှိပန်းကုံးသည်။ ။ လက်ရုံးတည့်မဟာဝရဇိန်၊ လျှံထိန်တည့်နီးဝေး၊ ဖြာပြန့်ပြေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း