သူဇာပျို့

သူဇာပျို့

၆၇။ သို့လျှင်မြတ်နွယ်၊ ကြောင်းတမယ်ကို၊ မင်းဝယ်ရွှေနား ညွတ်ပါလေ။ ။ မယ်တော့်မျိုးဝယ်၊ လွန်တင့်တယ်သည်၊ ဆန်းကြယ်ဇာတ်မျိုး မြတ်လှလေ။ ။ အစရှေးခါ၊ တောင်စန္ဒာဝယ်၊ ဂဏာခေါ်ညီ၊ ကိန္ဒရီသည်၊ ထက်ဆီမိုးမှာ၊ နတ်ဗြဟ္မာကို၊ ဝမ်းသာစုံမက်၊ ကြည်နှစ်သက်အောင်၊ ကျင့်ခက်ရှည်တာ၊ လွန်မြတ်စွာ၍၊ ဗြဟ္မာမြတ်လေး၊ သားဆုပေး၏၊ ရင်သွေးရှုဖျော်၊ ဘွားမြင်သော်လည်း၊ တေဇော်ထွန်းဝင်း၊ ဗြဟ္မာမင်းသည်၊ မကင်းတည့်စောင်မ ဘုန်းကြီးအောင်၊ ရည်ဆောင်တည့်မြတ်လေး၊ ဆရာပေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း