သူဇာပျို့
သူဇာပျို့
၆၆။ လှသည့်မှာသော်၊ ကျူး၍ကျော်သည်၊ မမြော်ဘက်လွတ် ကွေတည့်လေ။ ။
ယဉ်သည်မှာသော်၊ မိုးထိပ်ပေါ်သည်။၊ ကျော်၍အဖျားနချည့်လေ။ ။ ယဉ်လည်းယဉ်နု၊
ပြိုင်တုမရ၊ လှလည်းလှတင့်၊ နှုတ်ဘွင့်သာချို၊ ဆိုလည်းကျစ်လျစ်၊ တင်ပြစ်မဲ့ပြီ၊
လုံးစုံညီ၍၊ ပည်းသီပေါင်းရုံး၊ လူ့နှလုံးကို၊ ကျုံးသို့သိ၍၊ ရွှန်းယဉ်မြေ့၏၊
ကြီးလွေ့ပညာ၊ အရာရာကို၊ ခန္ဓာသက်လုံဂ၊ လျှောက်မထုံးသည်။ ။ ကျဉ်းရုံးသည်မျှ
လျှောက်လွယ်ကာ၊ အရာတည့်ချီးရေး၊ များလှသေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment