သူဇာပျို့
၅၃။ ကက္ခလိစ္ဆ၊ ဝနရာဇာ၊ မည်သာကျော်ဟိုး၊ မတ်မူဆိုးကား၊
မိုဃ်းသို့ရွာချ၊ ဆုတောင်းရ၍၊ ပြောပမြေးမြတ်၊ စံဖြစ်လျှင်းအောင်၊
နေ့ချင်းပြောင်သော်၊ ဘုံဆောင်လျှံဝင်း၊ အိမ်တော်တွင်းသို့၊ ဝင်လျှင်းလေပြီး၊
ဘုန်းမီးတောက်ဝှန်၊ နန်းပွင့်ရန်ကို၊ အလွန်ညွတ်ကြည်၊ လျှောက်သည်မှာကား၊ ထွတ်ဘုရား
...၊ ထိပ်ထားမင်းရှင်၊ လည်မှာဆင်သည်၊ ရောင်ထင်မျက်ကျော်၊ ဘယက်တော်ကား၊
တိမ်ပေါ်အာဏာ၊ လိုရာရာသို့၊ အာသာစိတ်မှတ်၊ ပျံနိုင်တတ်သည်၊ ကြီးမြတ်စွာကို၊
တန်ခိုးရှိ၏၊ သတိတော်မြတ်၊ မလွတ်ပါနှင့်၊ မပွင့်ဝှက်ခွေ၊ သေသေချာချာ၊ ထားသင့်ပါဟု၊
ရှိကြာဦးမြှောက်၊ ထားတင်လျောက်သော်၊ ဝမ်းမြောက်လျက်ပင်၊ ရယ်ရွှင်သာပျော်၊
အော်အော်ဟုတ်စံ၊ ပျံ့ပျံ့ထွေငေါ်၊ မိန့်ပြီးသော်တည့်၊ မျက်ကျော်ပြိုးပြက်၊
မြဘယက်ကို၊ ပြိုင်ဘက်လွတ်ကင်း၊ မယ်တော်မင်းသို့၊ ဆက်သွင်းရိုသေ၊ ပို့ရလေ၏၊
ကြက်သရေရောင်ခြည်၊ ထွန်းလွှံ့လည်သည်၊ ဖြူကြည်ဝင်းဝါ၊ မင်းသူဇာကား၊ သာသည်ရိပ်မြ၊
တဲနန်းကသည်၊ ပြောင်းကြွခဲ့၍၊ အိမ်ရှေ့အိမ်တော်၊ တိုင်ရောက်သော်လည်း၊
ဘုန်းကျော်သည့်ရှင်၊ ထိပ်တင်မင်းလှ၊ ခခယမ်းယမ်း၊ ဘာချမ်းယုယ၊ မိန့်သမျှကို၊
နှိမ့်ချရွံရှာ၊ အားနာလှလျက်၊ ဟမြွက်သံချို၊ မဆိုနိုင်သေး၊ ပူနွေးဝမ်းက၊ ကြံမရသည်။
။ရှက်လှခုန်ဆွေ့ - ရင်မှာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment