လောကသာရပျို့
လောကသာရပျို့
၅၅။ ကျယ်ဝန်းစကြာဝဠာ၊ ကမ္ဘာအစ၊ ပေါ်ဦးကလျှင်၊ ဗြဟ္မာ့နွယ်ရိုး၊
ကျော်ဝှန်ဟိုးလျက်၊ မြတ်မျိုးစင်ကြယ်၊ လေးသွယ်ဗေဒင်၊ တတ်သိမြင်သား၊ လူတွင်ထင်ရှား၊
ပုဏ္ဏားတို့ကို၊ ကျင့်စေလို၍၊ သံချိုလင်္ကာ၊ နည်းနာထွေပြား၊ မှတ်စိမ့်ထားသည်၊ တခြားတတိယပိုင်းတည်း။
။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment