လောကသာရပျို့
တိလောကဂ္ဂ၊ သုံးလူဘလျှင်၊ မြွက်ဟဟောရာ၊
ဒေသနာကား၊ ဓမ္မက္ခန္ဓာပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းများတောင်၌၊ ကောင်းအောင်နိစ္စ၊
ဆုံးမစေငှါ၊ သံသရာကို၊ မှန်စွာသိမ်မွေ့၊ အရွေ့ရွဲလုံး၊ သီ၍ကုံးသို့၊ ကျင့်သုံးမှတ်ရာ၊
သင့်လှစွာကို၊ ပညာရှိသူ၊ မှတ်စိမ့်ဟူ၍၊ ဆုယူပတ္ထနာ၊ ကြိုက်ရာရှာသည်၊ ထင်စွာအကျော်၊
ကန်တော်မင်းကျောင်း၊ မြတ်နံ့လှောင်းသား၊ စုပေါင်းမဟာ၊ သုပညာလျှင်၊ မှတ်ရာဝါစုဂ်/အစုတ်၊
သဘောထုတ်၍၊ အဟုတ်ဘွေဟော၊ လောကသာရ၊ မည်ထထင်စွာ၊ လင်္ကာခေါ်မှန်း၊ ဤနိဒါန်း/ပျို့ပန်းကို၊
ထက်ဝန်းသိမြော်၊ မှည့်ခေါ်ဝရ၊ မြတ်သီလနှင့်၊ အချအတင်၊ အငင်အပစ်၊ အပင့်အရစ်နှင့်၊ ကျစ်လျစ်အသတ်၊
မချွတ်စေရ၊ တတ်သမျှလည်း၊ ကျန်ရမဲ့ထွေ၊ အနေမုချ၊ ရေးရသောအား၊ ပွားသည့်ပညာ၊ လောက်ငစွာသည်၊
ဖြစ်ပါစေဟု၊ ဆုတောင်းပြု၍၊ မှတ်မှုလို့ငှါ၊ ဘတ်ပါသသူ၊ လူတို့အားလည်း၊ ထင်ရှားကြွယ်ဝ၊
ချမ်းသာရ၍၊ ဘဝနောင်ဘန်၊ တမလွန်လည်း၊ စုန်ဆန်သုဂတိစစ်၊ လားသည်ဖြစ်၍၊ အနှစ်ပြည့်ပြော၊
အကာမရောသား၊ ရှင်စောမေတ္တေယျာ၊ ပွင့်သောခါလည်း၊ လျင်စွာလက်ဦး၊ ဖူးကုန်ရ၍၊ ခဏမငြို၊
မဂ်ဖိုလ်ဥပါဒ် လွယ်စေသောဝ်။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment