သူဇာပျို့
သူဇာပျို့
၅၂။ ချစ်ကြည် ဆပွား၊ မူဆိုးအားလည်း၊ ထူးပြားနာမ၊ လက္ခလိစ္ဆ၊
ဝနရာဇာ၊ သိင်္ဂါရောင်လျှပ်၊ ရွှေဘွဲ့တပ်၍၊ ဆင့်ထပ်လေလေ၊ ရွှေ, ငွေ, ပုဆိုး၊
အုပ်မျိုးတသွန်၊ ကျေး, ကျွန်, မြင်း, ဆင်၊ များဖြင်ခွန်ထွက်၊ မြို့လက်တတည်၊
ခုနှစ်မည်မျိုးဆက်၊ မပျက်ရှည်စွာ၊ ချမ်းသာစိမ့်ရေး၊ ဘေးမဲ့ပေး၍၊ မြတ်လေးလွန်စွာ၊
မူဆိုးရွာ၏၊ ဂါမဏိခေါ်ဆို၊ ရွာစိုးကိုလည်း၊ ကြည်ညိုပီတိ၊ ဂါမဏိမတ္တနာ၊
မည်သာတွင်စေ, သံခြေပျံမွှေး၊ စာချွန်ပေး၍၊ ထောင့်ကွေးအချိုး၊ မိုးကြိုးချယ်ကွပ်၊
ဆောင်ကြပ်ယွန်းထိုး၊ လက်လက်အိုးမူ၊ မိုးကြိုးလားလား၊ ဓားအိမ်လယ်လွတ်၊
ငါးပတ်ခံတွင်း၊ အရင်းအဖျား၊ ရွာကားတရုဏ၊ ဂါမကိုပင်၊ သာရွှင်ကြည်ဖြူ၊ ပေးတော်မူ၏၊
အတူမှုထမ်း၊ ကြိုးပမ်းကြံစည်၊ အသည်-ကပ္ပါး၊ အလာ-အားလည်း၊ စပါးကြေးငွေ၊
ထွေထွေဝတ်စုံ၊ အပုံအဖြိုး၊ သယ်ပိုးမနိုင်၊ ဖြီးလှိုင်ထပ်ထွေး၊ ဆုတော်ပေး၏၊
မနှေးကိုယ်သို့၊ မြို့ရွာသို့လျှင်၊ နှစ်လို့ရွှင်ပျ၊ ပြန်လေကြသည်။ ။ အားရရယ်မော - ဝမ်းသာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment