မိသားစု


မိသားစု

                   မိသားစုတဲ့။ သိပ်လှတဲ့ စကားလုံးလေးပေါ့။ အဲဒီ စကားလုံးလေး သုံးလုံးက ကျွန်တော့်အတွက် သားနှစ်ယောက်နဲ့ သူမကို ရည်ညွှန်းပါတယ်။ လွယ်လွယ်နဲ့ တည်ဆောက်ခဲ့ရတာ မဟုတ်ပါဘူး။စိတ်ဓာတ်တွေ အောက်ပြုတ်ကျသွားတိုင်း ဖုန်ခါပြီး အရောင်ပြန်တင်ပေးတတ်တာ သူမပါ။ အလုပ်သွားတိုင်း ဝင်းတံခါးပေါက်ဝအထိ လိုက်ပို့နှုတ်ဆက်သူက
သားကြီးကောင်းဇေယျာလင်း။ အလုပ်ကပြန်လာတိုင်း လမ်းဆုံလမ်းလေးခွမှာ လာကြိုနေတတ်သူက သားငယ် ကောင်းသုတ။ ဘာပဲပြောပြော မိသားစုဆိုတာ ကျွန်တော့်ရဲ့ သင်္ကေတပါ။ ကျွန်တော်တဖွဲ့တနွဲ့ မပြောတတ်ပေမယ့် မိသားစုလေးရေ မင်းတို့အားလုံးကို ချစ်တဲ့အကြောင်း သိစေချင်လိုက်တာ။ ဒီနေ့ သံမဏိရတုတိုင်ခဲ့ပြီဆိုတော့ (စံရေ ... တို့လက်တွေ ဆုပ်ကိုင်ထားကြတာ ဆယ့်တစ်နှစ်ရှိခဲ့ပြီပေါ့။ ဘကြီးဖြိုး စာရေးနေသည်ဆိုတဲ့ ဝတ္ထုတိုလေးထဲကလို အိုးမင်းမစွမ်းဖြစ်တဲ့အချိန်အထိ တစ်ယောက်ကို တစ်ယောက်  ဖေးမရင်း၊ အားပေးရင်း ပျိုနုချိန်တုန်းက အကြောင်းအရာတွေကို ပြန်ပြောကြ ရင်း နေဝင်ချိန်ကို ကျော်ဖြတ်ချင်တယ်။ နောက်ပြီး မင်းဖျော်ပေးမယ့် ကော်ဖီတွေကိုလည်း တဝကြီး သောက်ချင်ပါသေးတယ်)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း