အမျိုးများအတွက်စာ




ကျွန်တော်မှာ အမျိုးအများကြီး မရှိပါဘူး။ အတော်လေးကို နည်းပါးပါတယ်။ အဲဒီ အမျိုးနည်းနည်းလေးကို နှုတ်တရွရွ ဖွင့်မပြောဖြစ်ပေမယ့် ကျွန်တော်ချစ်ပါတယ်။ မျိုးနွယ်မတူပေမယ့် ခံစားချက်ချင်းတူတဲ့ အမျိုးတွေပါ။ စုစုပေါင်း (၈)ယောက်လောက်ပဲ ရှိပါလိမ့်မယ်။ တစ်ချို့တွေက ကျွန်တော့်အကြောင်း လုံးဝ မသိကြသလို တစ်ချို့တစ်ချို့ကြလည်း အနည်းငယ်တော့ ရိပ်မိသိရှိကြမယ် ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော့်အကြောင်းကို ကိုယ်တိုင် ပြောပြရတာပါ။ ကျွန်တော်က စင်ပေါ်တက်ရတာကို မနှစ်သက်ပေမယ့် စင်အောက်က လက်ခုပ်တီးလိုသူပါ။ စင်ပေါ်မှာ ရီစရာတွေပြောကြရင် စင်အောက်ကနေ အသံထွက် ရီမောတတ်သလို
စင်ပေါ်မှာ ဒေါသထွက်စရာကိစ္စမြင်နေရရင်လည်း စင်အောက်မှာပဲ ဒေါသထွက်နေတတ်သူပါ။ စင်အောက်ကနေ ဆဲရတဲ့အရသာကိုတော့ လုံးဝမနှစ်သက်သူဖြစ်ပါတယ်။ စင်ပေါ်မှာ မနှစ်သက်စရာ တစ်ခုခုတွေ့ရမယ်ဆိုရင်တော့ တီးနေတဲ့လက်ခုပ်ကို ရပ်ထားလိုက်မှာပါ။ Group Chat မှာ ဝင်မပြောဖြစ်ပေမယ့် အမျိုးများပြောသမျှ တိတ်တဆိတ်နားထောင်ရင်း သဘောကျနေတတ်သူပါ။ သူတို့တွေရဲ့ မှတ်ချက်လေးတွေကြောင့် ဝိပွိုင့်တစ်ချို့ကို သိလာရတယ်။ အချက်အလက်လွဲမှားမှုကလွဲလို့ အားနည်းချက်တချို့ကို မပြင်ဖြစ်ခဲ့တာက ဖန်တီးပြီးသမျှကို ချစ်ခင်စိတ်တစ်ခုတည်းကြောင့်ပါ။ နောင်တူညီတဲ့ အမှားမျိုး မကျူးလွန်မိအောင်တော့ ဂရုတစိုက်နဲ့ သတိထားဖြစ်အောင် စေတနာနဲ့ အကြံပြုချက်လေးများကို လေးလေးစားစား မှတ်သားထားပါတယ်။ ခုတလော စာရေးချင်တယ်။ လေးလေးနက်နက် ရေးချင်ပေမယ့် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးအတွေးတွေပဲ ပြည့်နှက်နေတော့ မရေးဖြစ်တာ ကြာပြီ။ နှစ်သက်လို့ ဝယ်ထားတဲ့ စာအုပ်တွေက အတော်အသင့်ရှိလာသလို ဖတ်ဖို့ အကြွေးတွေကလည်း မနည်းလှဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်က စကားနည်းတော့ အတွေးများတယ်။ ဝန်အသင့်ဆုံးက ဖုန်းဆက်ဖို့ပေါ့။ အဆက်အသွယ် ပြတ်တောက်မသွားစေဖို့ ဖုန်းဆက်ဖို့လိုတယ်ဆိုတာ သိပေမယ့် သူငယ်ချင်းတွေဆီကို ဖုန်းမဆက်ဖြစ်တာပဲ ကြာလှပြီလေ။ ဘာပဲပြောပြော ကျွန်တော် အမျိုးတွေကို ချစ်ပါတယ်။
PS: အမျိုးများနည်းတူ ချစ်ခင်ရတဲ့ HR သင်တန်းက ညီငယ်လေးလည်း နီးလျက်နဲ့ ရောက်မလာနိုင်တဲ့ ကျွန်တော့်ကို နားလည်မှာပါ။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း