Posts

Showing posts from April, 2015

အသဲကွဲပုစ္ဆာ

Image
အသဲကွဲပုစ္ဆာ           “ ဒီထက်မြန်လို့ မရဘူးလား ”           “ ဘာ ”           မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်နေသည့် ဂျစ်ကားပေါ်မှ ဆောင့်ထွက်လာသည့် သူ့စကားသံကို သက်အောင် ကြားဟန်မတူ။ ဘာလဲဆိုသည့် သဘောဖြင့် မေးဆတ်ပြသည်။ ကြမ်းကြမ်းရှရှ တိုးဝင်နေသည့် လေစီးကြောင်းမှလေကို ခပ်ပြင်းပြင်းရှုလိုက်ရင်း သူ့အသံကိုထပ်မြှင့် လိုက်သည်။           “ ဒီထက်မြန်မြန် မမောင်းနိုင်တော့ဘူးလား ”           “ ငါမောင်းနေတာ ဂျစ်ကားဆိုတာလည်း သတိရဦး ဝဏ္ဏ၊ စိတ်အေးအေးထားစမ်း၊ အချိန်မှီရောက်ဖို့ ငါ့တာဝန်ထား၊ ရာသီဥတုကလည်း ငါတို့ဘက်မှာပါကွ ဟားဟား ”           “ …………………..”           မျက်နှာချင်းဆိုင်မှလာနေသည့် ကုန်ကားတစ်စီးကို ရှောင်လိုက်စဉ် ထိုကားသံအောက်မှာ သူ့စကားသံ က တိုးဝင်ပျောက်ကွယ်သွားသည...