ကံကောင်းနေသော ကိုလေးထူး

ကံကောင်းနေသော ကိုလေးထူး ကိုလေးထူးတို့ ဒီနှစ်ထဲ တော်တော်လေး ကံထူးပါတယ်။ ကရာတေးသင်တန်း (၅၁)နှစ်ပြည့်အထိမ်းအမှတ်မှာ (Kata) ကစားဖို့ ပါထားပါတယ်။ ဖြစ်ချင်တော့ အထိမ်းအမှတ်ပွဲကို မဆင်နွှဲလိုက်ရဘူး။ အဲဒီနေ့ မနက်အစောကြီးမှာပဲ မေမေ့ကို ဆေးရုံတင်လိုက်ရပါတယ်။ လက်လွှတ်လိုက်ရပြီတောင် ထင်ထားတာ။ ရွှေတော်ဝင်မှာ (၂)ပတ်လောက် တက်ပြီး ဆင်းလာရပါတယ်။ မိသားစုဝင်တွေကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး။ အနူမကူးပေမယ့် အပူကူးတယ် မဟုတ်လား။