သူဌေး=သူတောင်းစား

သူဌေး=သူတောင်းစား တစ်ခါတုန်းက မြို့တစ်မြို့ရှိ သူဌေးတစ်ဦးနှင့် သူတောင်းစားတစ်ဦး၏ အဖြစ်အပျက်ဖြစ်သည်။ သူဌေးကြီးသည် လေသာဆောင်မှနေ၍ လမ်းမဘက်ရှိ မြင်ကွင်းများကို ငေးနေစဉ် ခြံရှေ့လမ်းမမှ ဖြတ်သွားသည့် သူတောင်းစားတစ်ဦးကို တွေ့လိုက်ရသည်။ တွေ့လိုက်သည်နှင့် အတွေးမျိုးစုံနှင့်အတူ မေးခွန်းတစ်ခု ထွက်သွားသည်။ ထို့နောက် ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။